(Norsk / Bokmål ) Fakta, 513

(Norsk / Bokmål ) Fakta, 513

???????? 10th, 2012 by admin

အတွက်ကျစရိတ် (Egenandel)

  • အတွက်ကျစရိတ် (Egenandel) (ကိုယ့်ဘက်ကပေးချေရမည့်ကုန်ကျစရိတ်) ဆရာဝန်ထံ စမ်းသပ်ကုသရသည့်အခါ ကုန်ကျသမျှကို အစိုးရက အများကြီးအကုန်အကျခံပေးပါသည်။ လူနာကိုယ်တိုင်က အတွက်ကျဆေးကုသစရိတ်ကိုပေးချေရမည်ဖြစ်ပြီး ကျန်အပိုင်းကို နိုင်ငံတော်ကပေးချေသည်။
  • ကိုယ်တွက်ကျပေးသွင်းငွေ အပြင် ပတ္တီး, ထိုးဆေး, သောက်ဆေး, ဓာတ်ခွဲစစ်ဆေးမှု နှင့် အလားတူများကိုလည်း လူနာကသာ ပေးချေရပါမည်။
  • အသက် ၁၆ နှစ်အောက်ကလေးများအနေနှင့် ကိုယ်တွက်ကျပေးသွင်းငွေ မပေးရပေ။ ကိုယ်ဝန်ဆောင်စစ်ဆေးစောင့်ရှောက်မှု(Svangerskapskontroll) များသည်လည်း အခမဲ့ပင်ဖြစ်သည်။
  • သာမန်အားဖြင့် ပင်တိုင်ဆရာဝန်(fastlege) ထံတခေါက်သွားပြလျှင် ပေးရတဲ့ အတွက်ကျစရိတ်သည် ခရိုနာ ၁၅၀ မှ ၃၀၀ လောက်ဖြစ်သည်။

အခမဲ့ဆေးကုခွင့်လက်မှတ် (Frikort)

တနှစ်အတွင်းမှာ အတွက်ကျဆေးကုစရိတ် အနေနှင့် သတ်မှတ်ထားတဲ့ငွေပမာဏတခုကို ပေးချေခဲ့ပြီးပါက သင့်တွင် အခမဲ့ဆေးကုခွင့်လက်မှတ်ကိုရပိုင်ခွင့်ရှိလာပါပြီ။ ထိုငွေပမာဏကို ကိုယ်တွက်ကျပေးသွင်းငွေအဖြစ်ပေးပြီးသွားလျှင် အခမဲ့ဆေးကုခွင့်လက်မှတ်ကို ကျန်းမာရေးစရိတ်ကြီးကြပ်ကွပ်ကဲရေးဌာန (Helseøkonomiforvaltningen (HELFO)) က စာတိုက်မှအရောက်ပို့ပေးပါလိမ့်မည်။ ဆရာဝန်နှင့်ပြသည့်အခါ (သို့) အပြာရောင်(အခမဲ့)ဆေးဝါးထုတ်ယူခွင့်လက်မှတ် (blå resept) နှင့် ဆေးဝါးဝယ်ယူသည့်အခါများတွင် ထိုလက်မှတ်ကိုပြရန်လိုသည်။ ဤနည်းနှင့် ပြက္ခဒိန်နှစ်ကုန်ဆုံးသည်အထိ အတွက်ကျစရိတ် ပေးချေရခြင်းမှ ကင်းလွတ်ခွင့်ရသွားပါလိမ့်မည်။

https://helsenorge.no/ ဟူသောအင်တာနက်စာမျက်နှာတွင် ပင်တိုင်ဆရာဝန်များ၏စာရင်းကိုတွေ့နိုင်သည်။ ကိုယ်ကြိုက်ရာပင်တိုင်ဆရာဝန်ကိုရွေးချယ်နိုင်သည်။

Comments are closed.