နော်ဝေရောက် နိုင်ငံခြားသားလူသစ်များ
န်ာဝေနိုင်ငံတွင် အခြေချနေထိုင်လိုသော နိုင်ငံခြားသားများသည် ယာယီနေထိုင်ခွင့်(Stay permit) ရရှိနိုင်ရန် ဥပဒေဘောင်ဝင်သော အကြောင်းရင်းခံရှိရမည်။ မိမိရရှိထားသောနေထိုင်ခွင့်အမျိုးအစားက သက်ဆိုင်ရာ ရပိုင်ခွင့်နှင့် တာဝန်များအမျိုးအစားကို ရရှိစေသည်။ လူတိုင်း မိမိနှင့်သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရမည်။ နော်ဝေနိုင်ငံအတွင်းနေထိုင်သူတိုင်း နိုင်ငံ၏ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာရန် တာဝန်ရှိသည်။ ဌာနဆိုင်ရာကတောင်းဆိုလာလျှင် မှန်ကန်သော သတင်းအချက်အလက်များကိုပေးရန် ဝတ္တရားရှိသည်။