နော်ဝေရောက် နိုင်ငံခြားသားလူသစ်များ

နေထိုင်ခွင့်ပေးရန် အကြောင်းရင်းခံအမျိုးမျိုး

နိုင်ငံခြားသားများအတွက် နေထိုင်ခွင့်အမျိုးအစား အမျိုးမျိုးရှိသည်။ အရေးအကြီးဆုံး အမျိုးအစားများမှာ –

        • ဥရောပသမဂ္ဂ/ဥရောပဓနသဟာယ/ဥရောပဘုံဈေး နိုင်ငံများ မှ နိုင်ငံသားများအတွက် နိုင်ငံတွင်းနေထိုင်ခွင့်း ဥရောပသမဂ္ဂ/ဥရောပဓနသဟာယ/ဥရောပဘုံဈေး နိုင်ငံများ မှ နိုင်ငံသားတယောက်အနေနှင့် နေထိုင်ခွင့် လျှောက်ထားရန်မလိုသော်လည်း မှတ်တမ်းတင်စာရင်းသွင်းထားရန် လိုအပ်သည်။ အီလက်ထရွန်းနစ်နည်းပညာဖြင့် အင်တာနက်မှတဆင့် စာရင်းသွင်းနိုင်သည်။ ထိုသည့်နောက်မှ ရဲစခန်းတွင် လူကိုယ်တိုင် သွားတွေ့ရမည်။
        • စစ်ပြေးဒုက္ခသည်၊ လေးနက်လှသော လူလူချင်းစာနာမှု နှင့် နော်ဝေနိုင်ငံနှင့် ဆက်နွယ်မှု (ကိုယ်ချင်းစာနာဖွယ် အကြောင်းရင်း) တို့ကြောင့်ပေးသည့် နိုင်ငံတွင်းနေထိုင်ခွင့် မိမိနိုင်ငံတွင် နောက်မှလိုက်လံဖမ်းဆီးခံနေရသူ သို့မဟုတ် ညှဉ်းပမ်းနှိပ်စက်ခံရဖွယ် အန္တရာယ်ကို ကြောက်ရွံ့နေရသူတယောက်အနေနှင့် နော်ဝေနိုင်ငံတွင် အကာအကွယ် (နိုင်ငံခိုလှုံခွင့် (asyl)) ပေးရန် တောင်းဆိုလျှောက်ထားနိုင်သည်။ ကိုယ်တိုင်သွားရောက်ပြီး နော်ဝေ ရဲစခန်းတွင် အကာအကွယ်ရရန် လျှောက်ထားရသည်။ ထိုလျှောက်လွှာကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(Utlendingsdirektoratet (UDI)) ကစိစစ်ဆုံးဖြတ်သည်။ အချို့သော စစ်ပြေဒုက္ခသည်များသည် ကုလသမဂ္ဂ၏ အစီအစဉ်မှတဆင့် တိုက်ရိုက်ဝင်ရောက်ကြသည်။
        • နော်ဝေနိုင်ငံတွင် မိသားစုရှိနေသူ သို့မဟုတ် နော်ဝေတွင် နေထိုင်သူတစုံတယောက်နှင့် မိသားစုထူထောင်လိုသူ တယောက်အနေနှင့် မိသားစုထံနိုင်ငံကူးပြောင်းနေထိုင်ခွင့်ကို လျှောက်ထားနိုင်သည်။ မိသားစုပြန်လည်ပေါင်းစည်းရာတွင် သတ်မှတ်ထားသော လိုအပ်ချက်များရှိသည်။ ၎င်းတို့အနက်အချက်တချက်မှာ လက်ခံမည့်သူ/သူမ သည် နေအိမ်ရှိထားပြီး ကိုယ့်မိသားစုကိုယ်ကိုယ် ရှာဖွေကျွေးမွေးနိုင်သူဖြစ်ရမည်။ အဓိကလုပ်ရိုးလုပ်စဉ်အားဖြင့် လျှောက်လွှာကို နိုင်ငံခြားရှိ နော်ဝေသံရုံးတခုခုတွင် တင်သွင်းရမည်။
        • အိမ်ထောင်ပေါင်းသင်းရာတွင် ရိုက်နှက်ညှဉ်းပမ်းမှု (သို့)မဖွယ်မရာအဆက်ဆံခံရသူတယောက််ဖြစ်ပါက နိုင်ငံတွင်းနေထိုင်ခွင့်ရရှိနိုင်သည်။ အိမ်ထောင်ပေါင်းသင်းရာတွင် မဖွယ်မရာဆက်ဆံမှု (သို့) ရိုက်နှက်ညှဉ်းပမ်းမှု (သို့) အတင်းအကြပ်လက်ထပ်ပေါင်းသင်းမှု ခံရသူတယောက်ဖြစ်သူသည်၎င်း၊ အိမ်ထောက်ပြတ်စဲဖြစ်ပြီးနောက် မိမိ၏မူရင်းနိုင်ငံသို့ပြန်သွားရမည့်အချိန်တွင် လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုကြောင့် အဟန့်အတားကြုံနေရသူတယောက်သည်၎င်း တကိုယ်တည်းအနေဖြင့် နိုင်ငံတွင်းနေထိုင်ခွင့်ရရှိနိုင်သည်။ ယင်းသည် အဆိုပါပုဂ္ဂိုလ်၏သားသမီးများနှင့်လည်းသက်ဆိုင်သည်။
        • အလုပ်အတွက် နေထိုင်ခွင့် နော်ဝေနိုင်ငံတွင် အလုပ်လုပ်လိုသူ နိုင်ငံခြားသားများ အတွက် ကွဲပြားသော နေထိုင်ခွင့်အမျိုးမျိုးရှိသည်။

 

အချက်အလက်

နိုင်ငံတွင်းနေထိုင်ခွင့် (ဗီဇာ)

နိုင်ငံအသီးသီးတွင် နိုင်ငံတွင်းနေထိုင်ခွင့်နှင့်ပတ်သက်၍ မည်သူတို့ကိုနေထိုင်ခွင့်ပြှုမည်ဆိုသည့် စည်းမျဉ်းဥပဒေ အသီးသီးရှိကြသည်။ မည်သူ့ကို နေခွင့်ပေးမည် မပေးမည်ကို အာဏာပိုင်များကသာ ဆုံးဖြတ်သည်။

မိမိရောက်ရှိနေသောနိုင်ငံတွင် တရားဝင် နိုင်ငံတွင်းနေထိုင်ခွင့်(ဗီဇာ)ရရှိထားအောင် ဆောင်ရွက်ရန်မှာ မိမိကိုယ်တိုင်၏ တာဝန်သာဖြစ်သည်။ ထိုကြောင့် နော်ဝေနိုင်ငံတွင်နေထိုင်ကြသော နိုင်ငံသားများသည် လိုအပ်လျှင် နိုင်ငံတွင်းနေထိုင်ခွင့်(ဗီဇာ) လျှောက်ထားကြရန်နှင့် လိုအပ်လျှင် သက်တမ်းတိုးထားရမည်။