နော်ဝေရောက် နိုင်ငံခြားသားလူသစ်များ


        အသစ်ရောက်လာသူ နိုင်ငံခြားသားများအတွက် အခွင့်အလမ်း ပိုမိုကောင်းမွန်လာစေရန် ‘‘ပဏာမနေသားကျရေးအစီအစဉ်’’ ကို စီမံပေးထားပါသည်။ ပဏာမနေသားကျရေးအစီအစဉ်က ရွှေ့ပြောင်းဝင်ရောက်လာခါစ နိုင်ငံခြားသားများကို နော်ဝေလူ့အသိုင်းအဝိုင်းတွင်ဝင်ဆံ့နိုင်စေရန် မိတ်ဆက်ပေးသောအစီအစဉ်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်က တာဝန်ယူရပါသည်။

        ပဏာမနေသားကျရေးအစီအစဉ်က နိုင်ငံခြားသားများကို အလုပ်ခွင်နှင့် လူမှုရေးအသိုင်းအဝိုင်းများတွင် ပါဝင်ပေါင်းစည်းနိုင်စေရန် အင်အားတိုးစေပါလိမ့်မည်။ ဦးတည်ချက်မှာ နိုင်ငံခြားသားများ၏ ကိုယ်ပိုင်ဝင်ငွေဖူလုံမှုကို အားဖြည့်ပေးရန်ဖြစ်ပါသည်။

        အချို့ နိုင်ငံခြားသားများတွင် ပဏာမနေသားကျရေး အစီအစဉ်ထဲ၌ ပါဝင်လုပ်ကိုင်ရမည့် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားရှိကြသော်လည်း အားလုံးမဟုတ်ပါ။ ဤသည်မှာ ရရှိထားသည့် နေထိုင်ခွင့်ရစေသော အကြောင်းရင်းပေါ် မူတည်ပါသည်။

        အောက်ပါအုပ်စုများသည် ပဏာမနေသားကျရေး အစီအစဉ်ထဲ၌ ပါဝင်လုပ်ကိုင်ရမည့် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားရှိကြသည်

        • စစ်ပြေးဒုက္ခသည်များ
        • ကိုယ်ချင်းစာမှုအကြောင်းပြှု၍ နေထိုင်ခွင့်ရထားသူများ
        • အထက်ပါအုပ်စုနှစ်ခုနှင့် မိသားစုပြန်လည်ပေါင်းစည်းလိုက်သူများ
        • မိမိကိုယ်တိုင် (သို့) မိမိ၏သားသမီးများကို အိမ်ထောင်ဘက်က နိုင်ထက်စီးနင်းဆက်ဆံမှု (သို့) ရိုက်နှက်ညှဉ်းပမ်းမှု ခံရ၍ဖြစ်စေ အလိုမတူဘဲလက်ထပ်ပေါင်းသင်းမှု ခံရသည် (သို့) အိမ်ထောက်ပြတ်စဲဖြစ်ပြီးနောက် မိမိ၏မူရင်းနိုင်ငံသို့ပြန်သွားရမည့်အချိန်တွင် လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုကြောင့် အဟန့်အတားကြုံနေရ၍ဖြစ်စေ တကိုယ်တည်းအနေဖြင့် သီးသန့်ပေးထားသော နေထိုင်ခွင့်ရထားသူများ

 

အချက်အလက်

ပဏာမ နေသားကျရေးအစီအစဉ်သည်

  • နိုင်ငံခြားသားများ၏ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းများတွင် ဝင်ဆံ့နိုင်ရန် အခွင့်အလမ်းကို မြှင့်တင်ပေးလိမ့်မည်။
  • နိုင်ငံခြားသားများ၏ ကိုယ့်အားကိုယ်ကိုး စီးပွာရှာနိုင်မှုကို စွမ်းရည်မြှင့်တင်ပေးလိမ့်မည်။
  • နော်ဝေဘာသာအခြေခံကို ကျွမ်းကျင်နိုင်နင်းအောင် လုပ်ပေးလိမ့်မည်။
  • နော်ဝေလူ့အဖွဲ့အစည်းအကြောင်း နားလည်အောင် လုပ်ပေးလိမ့်မည်။