သမိုင်း ပထဝီ နှင့် စားသောက်နေထိုင်ပုံ

ပထဝီ

Norge i Verden

ကမ္ဘာနှင့် နော်ဝေ

နော်ဝေနိုင်ငံသည် မြေမျက်နှာပြင်အားဖြင့် ၃၈၅ ၁၉၉ စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ ထိုင်းနိုင်ငံ၊ အီရတ်၊ တူရကီ နှင့် ဆိုမာလီယာ အစရှိသောနိုင်ငံများထက် သေးငယ်သည်။ ထူးခြားသည်မှာ နော်ဝေသည် သေးသွယ်ကျဉ်းမြောင်းသောနိုင်ငံတခုဖြစ်နေခြင်းပင်။ အော့စလို (Oslo) နှင့် ပါရီ (Paris) မြို့တို့၏အကွာအဝေးသည် အော့စလိုနှင့် ထရွမ့်ဆို (Tromsø) မြို့ တို့၏အကွာအဝေးနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။

နော်ဝေနိုင်ငံသည် နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်န်လန်ဒ် နှင့် အိုက်စ်လန်ဒ် တို့ပါဝင်သည့် ဥရောပတိုက်မြောက်ပိုင်းဒေသ (Norden) တွင်အကျုံးဝင်သည်။ ဆွီဒင်၊ ဒိန်းမတ်တို့နှင့် နော်ဝေနိုင်ငံတို့ကို ပူးတွဲလိုက်လျှင် စကင်န်ဒီနေးဗီးယား (Skandinavia) ဒေသဟုလည်း ခေါ်တွင်သည်။ နော်ဝနိုင်ငံသည် ဆွီဒင်၊ ဖင်န်လန်ဒ် နှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်တည်ရှိသည်။

နယ်မြေဒေသကြီးများ

နော်ဝေကို နယ်မြေဒေသကြီး ၅ ခုအဖြစ်ပိုင်းခြားထားသည် … … နော်ဝေမြောက်ပိုင်း (Nord-Norge)၊ ထရွန်းဒလာ့ဂ် (Trøndelag)၊ နိုင်ငံအနောက်ပိုင်း(Vestlandet)၊ နိုင်ငံတောင်ပိုင်း (Sørlandet) နှင့် နိုင်ငံအရှေ့ပိုင်း (Østlandet) တို့ဖြစ်ကြသည်။

တိုင်းများ(ဒေသကြီးများ)း

နိုင်ငံအရှေ့ပိုင်း (Østlandet) ထဲတွင် တယ်လယ်မာ့ခ် (Telemark) ၊ ဗက်စ်ထ်ဖိုးလ်ဒ် (Vestfold) ၊ အာကဲ့ရ်ရှုစ် (Akershus), အော့စလို (Oslo) ၊ အို့စ်ထ်ဖိုးလ်ဒ် (Østfold) ၊ ဟက်ဒ်မာ့ခ် (Hedmark) နှင့် အော့ပ်လန်းဒ် (Oppland) တိုင်းများ ပါဝင်သည်။
နော်ဝေတွင် တိုင်း ၁၈ ခု ရှိပြီး ယင်းတို့ကို အောက်ပါအတိုင်းထပ်မံပိုင်းခြားထားသည်။
နော်ဝေမြောက်ပိုင်း(Nord-Norge) :- ဖင်းန်မာ့ခ် (Finmark) ၊ ထရူးမ်စ် (Troms) နှင့် နူ့ရ်ဒ်လန်းဒ် (Nordland) ထရွန်းဒလာ့ဂ်(Trøndelag) :- မြောက်- ထရွန်းဒလာ့ဂ် (Nord-Trøndelag) နှင့် တောင်-ထရွန်းဒလာ့ဂ် (Sør-Trøndelag)
နိုင်ငံအနောက်ပိုင်း(Vestlandet) :- မို့ရား နှင့် ရူးမ်စ်ဒါးလ် (Møre og Romsdal) ၊ ဆုံးဂ်န် နှင့် ဖျူ့ဒယ်နဲ (Sogn og Fjordane)၊ ဟော်ရ်ဒလန်း (Hordaland နှင့် ရူ့ဂါလန်းဒ် (Rogaland)
နိုင်ငံတောင်ပိုင်း (Sørlandet) :- အနောက်အာ့ဂ်ဒယ်ရ် (Vest-Agder)နှင့် အရှေ့အာ့ဂ်ဒယ်ရ် (Aust-Agder)
နိုင်ငံအရှေ့ပိုင်း (Østlandet) :- တယ်လယ်မာ့ခ် (Telemark)၊ ဘုစယ်ရူ့ဒ် (Buskerud) ၊ ဗက်စ်ထ်ဖိုးလ်ဒ် (Vestfold) ၊ အာကဲ့ရ်ရှုစ် (Akershus), အော့စလို (Oslo) ၊ အို့စ်ထ်ဖိုးလ်ဒ် (Østfold) ၊ ဟက်ဒ်မာ့ခ် (Hedmark) နှင့် အော့ပ်လန်းဒ် (Oppland)
Norgeskart og flagg

ႃမိႈ႕မ်ား

နော်ဝေတွင် မြို့ပေါင်း ၁ဝဝ ခန့်ရှိသည်။ အော့စလို (Oslo) သည် မြို့နေလူဦးရေ ၆၀၀ ၀၀၀ ဖြင့်အကြီးဆုံးမြို့ဖြစ်သည်။ (၂၀၁၇)ာ အကြီးဆုံးမြို့ ၁ဝ မြို့မှာ (အထက်မှအောက် ကြီးစဉ်ငယ်လိုက်)

      • အော့စလိုအော့ရှလူး (Oslo)

Oslo

    • (Bergen)

Bergen

    • ထရော်န်ဒ်ယိုင်းမ် (Trondheim)

Trondheim

  • စတာဗာငယ်ရ် (Stavanger)
  • ခရစ္စတီယန်ဆန်းဒ်(Kristiansand)
  • ဖရက်ဒရစ်စ်တား (Fredrikstad)
  • ထရွမ်းဆိုး (Tromsø)
  • ဆန်းဒ်နဲ့စ် (Sandnes)
  • ဒရမ်မယ်န် (Drammen)
  • ဆာ့ရ်ပ်စ်ဘော့ရ်ဂ် (Sarpsborg)
  • ssb.no

 

အခြားပထဝီဝင် အချက်အလက်များ

      • နော်ဝေ၏အမြင့်ဆုံးတောင်မှာ ဂါ့လ်ဒ်ဟိုပစ်ဂင်န် (Galdhøpiggen) ဖြစ်သည်။ ၂၄၆၉ မီတာမြင့်သည်။ နော်ဝေနိုင်ငံမြေပြင်၏ထက်ဝက်ခန့်မှာ တောင်များဖြစ်သည်။

    • နော်ဝေ၏ အကြီးဆုံးရေကန်မှာ မျိုဆာ (Mjøsa) ဖြစ်သည်။ ၃၆၅ စတုရန်းကီလိုမီတာ ကျယ်သည်။
    • နော်ဝေ၏ အရှည်ဆုံးမြစ်မှာ ဂလော်မ်မာ (Glomma) ဖြစ်သည်။ ၆၁၁ ကီလိုမီတာ ရှည်သည်။
    • ကမ်းရိုးတန်းတလျှောက်တွင် ပင်လယ်လက်တံမြစ် (fjord) များ များစွာရှိကြပြီး ၎င်းတို့အနက် ဆုံးဂ်န်ပင်လယ်လက်တံမြစ်မှာ အရှည်ဆုံးဖြစ်ပြီး ၂ဝ၄ ကီလိုမီတာရှည်ကာ အနက်ဆုံးနေရာတွင် ၁၃ဝ၈ မီတာနက်သည်။

Sognefjorden

  • နော်ဝေနိုင်ငံမြေပြင်၏ထက်ဝက်ခန့်မှာ တောင်များဖြစ်ပြီး သုံးပုံတပုံခန့်မှာ သစ်တောများဖြင့်ဖုံးအုပ်လျက်ရှိသည်။ မြေပြင်၏ ၂% မျှသာ အိမ်ခြေယာခြေ(အဆောက်အဦများနှင့်လမ်းများ)ဖြင့် လူများနေထိုင်သည်။

အချက်အလက်

ပထဝီအပိုင်းအခြား

၂၀၁၈ ခုနှစ်ကစပြီး။ ။ နော်ဝေနိုင်ငံကို ပထဝီအပိုင်းအခြားအရ တိုင်းကြီး ငါးတိုင်းခွဲခြားပြီး ခန့်ခွဲအုပ်ချုပ်ပုံအရ ခရိုင် ၁၈ ခုနဲ့ မြို့နယ် ၄၂၃ ခုအဖြစ် ပိုင်းခြားထားပါလိမ့်မယ်။

တောင်တန်းနှင့် သစ်တောများ

နိုင်ငံအကျယ်အဝန်း၏ ထက်ဝက်လောက်မှာ တောင်များဖြစ်ပြီး ၃၈% ခန့်မှာ သစ်တော်များဖြင့်ဖုံးလွှမ်းနေသည်။ အကျယ်အဝန်း၏ ၃% မျှသာ စိုက်ပျိုးမြေဖြစ်သည်။