သမိုင်း ပထဝီ နှင့် စားသောက်နေထိုင်ပုံ
ရိုးရာဓလေ့များနှင့် အထွတ်အမြတ်နေ့များ
အထိမ်းအမှတ်နေ့များ
နှစ်ဆန်း ၁ ရက်နေ့
ဇန္နဝါရီ ၁ ရက်နေ့တွင် နှစ်သစ်အစပြှုသည်။ ဇန္နဝါရီ ၁ ရက်နေ့ကို နှစ်ဆန်း ၁ ရက်နေ့ဟု ခေါ်ကြသည်။ ထိုနေ့တွင် ဆိုင်အားလုံးနီးပါးပိတ်ကြပြီး လူအများစု အလုပ်နားရက်ရကာ ကလေးများလည်း ကျောင်းပိတ်ရက်ရသည်။
အမျိုးသမီးများနေ့
မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်သည်။ ၁၉၇ဝ လွန်ကာလတွင် တန်းတူအခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်ပြီး တစထက်တစ ကြိုးပမ်းလှုပ်ရှားသူများ တိုးတက်များပြားလာခဲ့ပြီး နိုင်ငံတကာအမျိုးသမီးများနေ့ကို နော်ဝေနိုင်ငံတွင် ၁၉၇၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည်။ မတ်လ ၈ ရက်နေ့သည် ပြန်တမ်းဝင်ရုံးပိတ်ရက်မဟုတ်ပါ။
အီစကာ (Easter)
အီစကာ (Easter)
မတ် သို့မဟုတ် ဧပြီလထဲတွင် အီစတာပွဲတော်အခါကျရောက်သည်။ တနှစ်နှင့်တနှစ် အချိန်ချင်းမတူပေ။
အီစတာပွဲသည် ခရစ်ယန်တို့၏ အထွတ်အမြတ်ကာလဖြစ်သည်။ သို့သော် လူအများစုအဖို့ အီစတာသည် ဘာသာရေးအထွတ်အမြတ်ကာလ ဖြစ်မလာသော်လည်း ရှည်လျားလှသော ဆောင်းဥတုအလွန်တွင် အပိုအားလပ်ရက်များကို ရစေပါသည်။
အီစတာကာလတွင် ဈေးဆိုင်များ ရက်ရှည်ပိတ်ကြကာ လူအများစု အားလပ်ရက်ရကြသည်။ ကျောင်းသားလေးများ အီစတာကာလတခုလုံး ကျောင်းအားရက်ရပြီး အလုပ်သမားအများစုက အားလပ်ရက်များအပြင် အားလပ်ရက်ရှည်ထပ်ဆောင်းယူတတ်ကြသည်။
ခရစ်တော် ကောင်းကင်ဘုံတက်သောနေ့ နှင့် ပယ်န်တယ်ကော့စ်ထ် (Pentecost)
အီစတာနေ့မှ ရက်ပေါင်း ၄ဝ ကြာသောအခါ ခရစ်တော် ကောင်းကင်ဘုံသို့တက်သောနေ့ကျရောက်ပြီး ၅ဝ ကြာသောအခါ ပယ်န်တယ်ကော့စ်ထ်နေ့ဖြစ်သည်။ ထို ၂ ရက်စလုံးသည် ခရစ်ယန်နေ့ထူးနေ့မြတ်များဖြစ်ကြသည်။ ခရစ်တော် ကောင်းကင်ဘုံတက်သောနေ့ နှင့် ဒုတိယ ပယ်န်တယ်ကော့စ်ထ် (Pentecost) နေ့တို့မှာ ပြန်တမ်းဝင် ရုံးပိတ်ရက်များဖြစ်ကြသည်။
အလုပ်သမားများနေ့
ကမ္ဘာ့အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်သည်။
လူအများစုသည် တန်းစီချီတက်ကြပြီး မည်သည့်နိုင်ငံရေးလုပ်ရပ်များကို အလေးထားကြောင်း ဖော်ထုတ်လေ့ရှိသည်။
မေလ ၁ ရက်နေ့သည် ပြန်တမ်းဝင် ရုံးပိတ်ရက်ဖြစ်သည်။
အမျိုးသားနေ့
17.mai 17.mai 17.mai
မေလ ၁၇ ရက်နေ့သည် နော်ဝေအမျိုးသားနေ့ဖြစ်သည်။ ၁၉၁၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် နော်ဝေ၏ ကိုယ်ပိုင်အခြေခံဥပဒေကိုရရှိခဲ့သည်ကို အထိမ်းအမှတ်ပွဲ ကျင်းပကြခြင်းဖြစ်သည်။
မေလ ၁၇ ရက်နေ့တွင် ကလေးများ ရေခဲမုန့်နှင့် ဝက်အူချောင်းညှပ်မုန့် ကြှိုက်သလောက်စားခွင့်ရသည်။ နော်ဝေရှိကလေးများသည် ထိုနေ့ရောက်မည်ကို အလွန်ဝမ်းပန်းတသာ မျှော်လင့်ကြသည်။
မေလ ၁ ရက်နေ့သည် ပြန်တမ်းဝင် ရုံးပိတ်ရက်ဖြစ်သည်။
ခရစ္စမတ်စ်
ဒီဇင်လာလတွင် ခရစ္စမတ်စ်ပွဲ ကျင်းပလေ့ရှိသည်။ ခရစ္စမတ်စ်သည် ခရစ်ယန်တို့၏ နေ့ထူးနေ့မြတ်တနေ့ဖြစ်သည်
ခရစ္စမတ်ကာလနှင့် ခရစ္စမတ်ပွဲကျင်းပခြင်းတို့သည် အများစုအတွက် အရေးကြီးသည်။ ခရစ္စမတ်သည် ဦးစားပေးအနေနှင့် မိသားစုစုံညီပျော်ပွဲပင်ဖြစ်သည်။
ခရစ္စမတ်သည် အမှောင်မိုက်ဆုံးကာလအတွင်း ကျရောက်ပြီး ဤပျော်ပွဲကျင်းပခြင်းသည် ပြင်ပတွင် အမှောင်ဆုံးနှင့်အအေးဆုံးပမာဖြစ်နေချိန်တွင် လူအများစုအတွက် အလင်းနှင့်အနွေးဓာတ် ဖြစ်ပေါ်စေသည်။ နော်ဝေအနေနှင့် ခရစ်ယန်နိုင်ငံဖြစ်မလာမီ ရှေးပဝေသဏီကပင် ဤကဲ့သို့သောရာသီတွင် အကြီးအကျယ် ပျော်ပွဲကျင်းပလေ့ရှိခသည်- အမှောင်ထဲတွင် လင်းလင်းချင်းချင်းရှိစေရန်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒီဇင်လာ ၂၄ ရက်နေ့ကို ခရစ္စမတ်အကြှိုညဟု ခေါ်ကြသည်။ ရိုးရာခရစ္မတ်စ်ညစာကို မိသားစု ဝိုင်းဖွဲ့စားလေ့ရှိကြသောအချိန်ဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင် ထုံးတမ်းစဉ်လာအမျိုးမျိုး ကွဲပြားသည်။ အများစုတွင် သူတို့ကိုယ်ပိုင်ဓလေ့ ထုံးတမ်းများရှိကြပြီး ယင်းကိုထိန်းသိမ်းသွားရန် အရေးကြီးသည်ဟု ခံယူကြသည်။ ခရစ္စမတ်စ်အကြှိုည တွင် တယောက်နှင့်တယောက် အပြန်အလှန် လက်ဆောင်ပေးလေ့ရှိကြသည် – ခရစ္စမတ်စ်လက်ဆောင်။
ခရစ္စမတ်စ်အကြှိုကာလတွင် မိတ်ဆွေများ မိသားစုများ ထံသို့ စာပို့ကဒ် (post card) (သို့) အီးမေးလ် (email) အများအပြားပို့ကာ ခရစ္စမတ်စ်ပွဲ ပျော်ရွှင်စွာကျင်းပနိုင် စေကြောင်း ဆုတောင်းမေတ္တာ ပို့လေ့ရှိကြသည်။
ခရစ္စမတ်စ်ကာလတခုလုံး ကျောင်းသားများ ကျောင်းအားကြပြီး အလုပ်သမားအများစု အားလပ်ရက်ရှည်ယူလေ့ရှိကြသည်။
ခရစ္စမတ်စ်သီတင်းပတ်အတွင်း အချို့ရက်များတွင် ဆိုင်များပိတ်ထားလေ့ရှိသည်။
နှစ်သစ်ကူးအကြှိုည
Fyrverkeri
ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လူအများသည် မိတ်ဆွေများ မိသားစုများနှင့်အတူ နှစ်သစ်ကုးအကြှိုည ပျော်ပွဲကျင်းပလေ့ရှိသည်။ လူအများက မီးရှူးမီးပန်းပစ်လွှတ်လေ့ရှိကြသည်။ ညသန်းခေါင်ရောက်ချိန်တွင် မှောင်မိုက်နေသော ကောင်းကင်ပြင်တွင် မီးရှူးမီးပန်းနှင့် ဒုံးများဖြင့် လင်းထိန်သွားသည်မှာ အံ့မခန်းဆန်းကြယ်သော မြင်ကွင်းဖြစ်ပေသည်။
နှစ်သစ်ကူးအကြှိုနေ့သည် ပြန်တမ်းဝင်ရုံးပိတ်ရက်မဟုတ်ပေ။
ပုံမှန်ရက်မရှိသော ရိုးရာနှင့်နေ့ထူးရက်မြတ်များ
မွေးနေ့
Bursdagsbarn som blåser ut lys på kaka
မွေးနေ့ပွဲကျင်းပသည်မှာ အထူးသဖြင့် ကလေးများအတွက် အစဉ်အလာဖြစ်သည်။ ကလေးများသည် မွေးနေ့ပါတီသို့ မိသားစုအပြင် နေ့ကလေးထိန်းကျောင်း မှ အဖော်များ (သို့) အတန်းဖော် သူငယ်ချင်းများကိုပါ ဖိတ်ခေါ်လေ့ရှိသည်။
အများစုက ကိုယ့်အိမ်တွင်သာ ပါတီကျင်းပလေ့ ရှိသော်လည်း အချိုးက ဖိဒ်ဇာစားသောက်ဆိုင်၊ ရေးကူးကန် (သို့) ကလေးအပန်းဖြေစုရပ်တခုခုတွင် ကျင်းပတတ်ကြသည်။
ဧည့်သည်များက မွေးနေ့ရှင်ကလေးအတွက် လက်ဆောင်ငယ်တခုခု ယူလာလေ့ရှိသည်။
မင်္ဂလာဆောင်အခမ်းအနား
Brudepar
နော်ဝေတွင် နှစ်စဉ်နှစ်တိုင်း စုံတွဲ ၂၃ ဝဝဝ ခန့် လက်ထပ်လေ့ရှိသည်။ တဝက်ကျော်ကျော်က ဘုရားရှိခိုးကျောင်းတွင် လက်ထပ်ကြသော်လည်း ကျန်သူများက အစိုးရရုံးတခုခုတွင် လက်ထပ်ကြသည်။ လိင်တူချင်းလည်း အိမ်ထောင်ပြုခွင့်ပေးထားသည်။
လက်ထပ်ကြသူများက မိသားစုနှင့်မိတ်ဆွေများနှင့် အတူ ပျော်ပွဲကျင်းပကြသည်။
မင်္ဂလာပွဲဧည့်သည်များနှင့် လက်ထပ်သူမောင်မယ်စုံတွဲကို သို့မဟုတ် သူတို့၏မိသားစုများကို သိကျွမ်းခင်မင်သူများက မင်္ဂလာဆောင်သူစုံတွဲကို လက်ဆောင်ပေးလေ့ ရှိကြသည်။
၂ဝ၁ဝ ခုနှစ်အတွင်းက နော်ဝေတွင် ကလေး ၆ဝ ဝဝဝ ခန့်းမွေးဖွားခဲ့သည်။
ထိုကလေးများအနက် တနှစ်မပြည့်မီ ဘုရားရှိခိုးကျောင်းတွင် ရေနှစ်/ရေဖျန်း မင်္ဂလာခံယူသူပေါင်းမှာ ၅၀-၆၀% ခန့်ရှိသည်။ မင်္ဂလာခံယူပြီးသော ကလေးသည် ဘုရားရှိခိုးကျောင်း၏ သာသနာဂိုဏ်းဝင်/အသင်းဝင် ဖြစ်လာသည်။ ကလေးကို ရေနှစ်ရေဖျန်းမင်္ဂလာခံယူမည် မယူမည်ကို မိဘများကဆုံးဖြတ်ကြသည်။
ကလေးကိုရေနှစ်/ရေဖျန်းမင်္ဂလာခံယူပြိးပါက မိသားစုထဲတွင် ပွဲကြီးပွဲကောင်းကျင်းပလေ့ရှိပြီး မင်္ဂလာခံယူသူကလေးသည် လက်ဆောင်များရလေ့ရှိသည်။
ဘုရားကျောင်းထဲတွင် မင်္ဂလာ မခံယူဖြစ်သူကလေးများကို မိသားစုက ဘာသာရေးမဟုတ်သော အလမ်းအနားကျင်းပပေးလေ့ ရှိသည်။ အချို့က လူအများကိုဘိတ်ခေါ်ပြီး ကင်ပွန်းတပ်ပွဲကျင်းပချိန်တွင် အချို့က ပြင်ပလူလုံးဝမပါစေဘဲ ကျင်းပကြသည်။
တင်းပြည့် ဘာသာခံယူပွဲ
လူငယ်များ အသက် ၁၄-၁၅ နှစ်အရွယ်ရောက်သောအခါ တင်းပြည့်ဘာသာဝင်ခံယူမည် မခံယူမည်ကို မိမိဘာသာ ရွေးချယ်ပိုင်ခွင့်ရှိသည်။
တင်းပြည့်ဘာသာဝင်ခံယူလိုက်သည့်အခါ ဘုရားရှိခိုးကျောင်း၏ သာသနာဂိုဏ်းဝင်/အသင်းဝင် တယောက် အဖြစ် ဆက်လက်ခံယူသည်ဟု အဓိပ္ပါယ်ရသည်။ တင်းပြည့်ဘာသာဝင်ခံယူခြင်းသည် ရေနှစ်/ရေဖျန်းမင်္ဂလာခံယူကာ ဘာသာသွတ်သွင်းခြင်းကို အတည်ပြုခြင်းဟုဆိုနိုင်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဘုရားကျောင်းပြင်ပတွင် တင်းပြည့်ဘာသာဝင်ခံယူခြင်း ကိုတွေ့ရသည်က ပိုများသည်။ ဆိုလိုသည်မှာ ဆယ်ကျော်သက် ကလေးအတွက် ဘာသာရေးနှင် မဆိုင်သော အခမ်းအနားကျင်းပပေးခြင်းဖြစ်သည်။ ယခင်ကာလများက တင်းပြည့်ဘာသာခံယူပွဲမတိုင်မီ လူငယ်များသည် ကြှိုတင်ပြင်ဆင်ရေးသင်တန်းတခုကို ဘုရားကျောင်းတွင်ဖြစ်စေ ဘာသာရေးအဖွဲ့အစည်းတခု တွင်ဖြစ်စေ သင်တန်းတက်ရသည်။ ဘုရားကျောင်း၌ တင်းပြည့်ဘာသာခံယူရေးအတွက် သင်တန်းတွင် ခရစ်ယန်ဘာသာအကြောင်း သင်ယူကြရပြီး လူ့ကျင့်ဝတ်နှင့် ပြည်သူ့နီတိနှင့်ပတ်သက်သော မေးခွန်းများကို လေ့လာဆွေးနွေးကြရသည်။ ဘုရားကျောင်းပြင်ပမှ တင်းပြည့်ဘာသာခံယူရေး သင်တန်းတွင် လူလူချင်းစာနာမှုဘာသာရပ်ကို သင်ယူပြီး အယူဝါဒ၊ လူ့ကျင့်ဝတ်နှင့် ပြည်သူ့နီတိတို့ကို လေ့လာဆွေးနွေးကြရသည်။
လူငယ်တယောက် တင်းပြည့်ဘာသာခံယူပြီးပါက မိသားစုအတွင်း ပွဲကြီးပွဲကောင်းကျင်းပလေ့ရှိပြီး တင်းပြည့်ဘာသာခံယူသူကို လက်ဆောင်ပေးလေ့ရှိသည်။
၂ဝ၁ဝ ခုနှစ်တွင် လူငယ် ၆ဝ% ခန့် ဘုရားကျောင်းတွင် တင်းပြည့်ဘာသာခံယူပြီး ၂ဝ% ခန့်က ဘုရားကျောင်းပြင်ပတွင် ခံယူရန် ရွေးချယ်ခဲ့ကြသည်။ ၂ဝ% မျှသောလူငယ်များက တင်းပြည့်ဘာသာဝင်အဖြစ် မခံယူခဲ့ကြပေ။
ဈာပနအခမ်းအနား (မြေမြှုပ်သင်္ဂြှိုဟ်ခြင်း)
Kiste
နော်ဝေနိုင်ငံတွင် နှစ်စဉ် လူ ၄ဝ ဝဝဝ ခန့်သေဆုံးလေ့ ရှိသည်။ ယင်းတို့အနက် ၉ဝ% ဝန်းကျင်ကို ဘုရားရှိခိုးကျောင်း၏အစဉ်အလာအတိုင်း သင်္ဂြိုဟ်လေ့ ရှိသည်။ ဆိုလိုသည်မှာ ဈာပနကို ခရစ်ယန် ဘုန်းကြီး တပါးက ဦးစီးကျင်းပပေးလေ့ရှိသည်။
အဓိကအားဖြင့် ဈာပန နှစ်မျိုးရှိသည် –
ခေါင်းသွင်းမြှုပ်နှံခြင်းနှင့် အရိုးပြာအိုးမြှုပ်နှံခြင်း တို့ဖြစ်သည်။ ခေါင်းသွင်းမြှုပ်နှံခြင်းတွင် သေဆုံးသူကို အခေါင်းတွင်ထည့်ကာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းဖြစ်ပြီး အရိုးပြာအိုးမြှုပ်နှံခြင်းမှာ သေဆုံးသူကို မီးသင်္ဂြိုဟ်ပြီး ပြာကို ပြာအိုးတွင်ထည့်ကာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းဖြစ်သည်။ နော်ဝေတွင် မီးသြင်္ဂှိုဟ်ခြင်းကို တဖြည်းဖြည်း ပိုမိုအသုံးပြုလာကြသည်။ သေဆုံးသူများ၏ ၄၀% ကို မီးသင်္ဂြိုဟ်ကြသည်။
အချက်အလက်
ဇန္နဝါရီ ၁ ရက် – နှစ်ဆန်းတရက်နေ့
မတ် ၈ ရက် – နိုင်ငံတကာ အမျိုးသမီးများနေ့
မတ်/ဧပြီလများအတွင်း – အီစတာပွဲတော်
အီစတာပွဲတော်အလွန် ရက် ၄ဝ မြောက်နေ့ – ခရစ်တော် ကောင်းကင်ဘုံသို့ ကြွမြန်းသောနေ့
အီစတာပွဲတော်အလွန် ရက် ၅ဝ မြောက်နေ့ – Pentecost/Whitsunday ဝိဉာဉ်တော်နေ့
မေ ၁ ရက် – နိုင်ငံတကာအလုပ်သမားနေ့
မေ ၁၇ ရက် – နော်ဝေနိုင်ငံ အမျိုးသားနေ့
ဒီဇင်ဘာ ၂၄ ရက် – ခရစ္စမတ်စ် အကြှိုနေ့
ဒီဇင်ဘာ ၃၁ ရက် – နှစ်သစ်ကူး အကြှိုနေ့