သမိုင်း ပထဝီ နှင့် စားသောက်နေထိုင်ပုံ

အခြေစိုက်နေထိုင်မှုနှင့် လူဦးရေ အစိပ်အကျဲ

  • နော်ဝေနိုင်ငံတွင် လူဦးရေ ငါးသန်းကျော် နေထိုင်သည်။
  • နိုင်ငံ့လူဦးရေ၏ ၇၅% ခန့်မှာ ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသည်။
  • နိုင်ငံ့လူဦးရေ၏ ၁၇% ခန့်သည် နိုင်ငံခြားသားသွေးစပ်သည် (နိုင်ငံခြားသားများ နှင့် ၎င်းတို့မှပေါက်ဖွားသော နော်ဝေနိုင်ငံဖွား နိုင်ငံခြားသားများ)။ အော့စ်လို Oslo နှင့် ဒရမ်မယ်န် Drammen တို့သည် နိုင်ငံခြားသွေးပါသူ ရာခိုင်နှုန်းအများဆုံးရှိရာမြို့များဖြစ်သည်။
  • နိုင်ငံတွင်းဖြန့်ကြက်အခြေစိုက်နေထိုင်မှုကို www.ssb.no တွင် ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖတ်ရှုနိုင်သည်။

အချက်အလက်

ဆာမီလူမျိုးများ

နော်ဝေတွင် ရှေးဟောင်းလူမျိုးနွယ်တစုရှိရာ ၎င်းတို့ကို ဆာမယ် လူမျိုးများဟု ခေါ်ပြီး နော်ဝေနိုင်ငံတွင် အကြာရှည်ဆုံး နေထိုင်ခဲ့သော လူမျိုးစုလည်းဖြစ်သည်။ နော်ဝေတွင် ဆာမယ် လူဦးရေ ၄ သောင်းမှ ၅ သောင်းအကြားတွင်ရှိသည်။ ဆွီဒင်၊ ဖင်န်လန်ဒ် နှင့် ရုရှားနိုင်ငံတို့တွင်နေထိုင်သူ ဆာမယ်အားလုံးပေါင်းလျှင်လည်း ၅ သောင်းခန့်ရှိမည်။ သူတို့တွင် ကိုယ်ပိုင် ဘာသာစကားရှိသည်။ ဆာမယ် ဘာသာစကားမျိုးကွဲ များစွာရှိသည်။

၁၉၈၉ ခုနှစ်မှအစပြှု၍ ဆာမယ်တို့တွင် ဆာမယ်တရားရုံး ရှိလာခဲ့သည်။ ဆာမယ်တရားရုံးတော်တွင် ဆာမယ်လူမျိုးများနှင့် အထူးတလည်သက်ဆိုင်သော ကိစ္စများကို ဆွေးနွေးကြလေ့ရှိသည်။ သို့သော် နော်ဝေဥပဒေက နော်ဝေတွင်နေထိုင်ကြသော အခြားလူမျိုးများနည်းတူ ဆာမယ်လူမျိုးများအတွက်လည်း အကျုံးဝင်သည်။