ဒီမိုကရေစီနှင့် လူမှုဝန်ထမ်းနိုင်ငံတော်

ရွေးကောက်ပွဲ နှင့် နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲ

နှစ်နှစ် တခါ နိုင်ငံရေးအရရွေးကောက်ပွဲများ ရှိသည်။ လွှတ်တော်ရွေးကောက်ပွဲ နှင့် ဒေသအလိုက် ရွေးကောက်ပွဲ (တိုင်းတရားရုံးနှင့် မြို့နယ်ဆိုင်ရာရွေးကောက်ပွဲ) တို့ကို တလှည့်စီ ကျင်းပကြသည်။ သို့ဖြစ်၍ လွှတ်တော်ကို လေးနှစ်တကြိမ် ရွေးကောက်တင်မြှောက်ရပြီး အလားတူပင် တိုင်းတရားရုံးများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ရွေးကောက်သည်။

I avlukket En dame som stemmer ved valg

နိုင်ငံရေးပါတီများသည် သူတို့၏နှစ်ပတ်လည်ညီလာခံများတွင် အစီအစဉ်များရေးဆွဲကြသည်။ လာမည့်ရွေးကောက်ပွဲ၏ လေးနှစ်သက်တမ်းအတွင်း သူတို့မည်သည့်ကိစ္စရပ်များကို လုပ်ကိုင်လိုကြောင်း ရေးဆွဲကြသည်။

နော်ဝေတွင် လျှို့ဝှက်မဲပေးစနစ်ကို သုံးသည်။ သင်မည်သည့်ပါတီကို မဲပေးခဲ့သည်ကို မည်သူမျှ သိခွင့်မရှိပေ။ သင် မဲပေးလိုသောပါတီကို သင်ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ပြီး မိသားစုတစုတည်းတွင်ပင် ပါတီအမျိုးမျိုးကို လုံးဝကွဲပြားစွာ မဲပေးတတ်ကြသည်လည်း မရှားပါ။

နိုင်ငံရေးပါတီများ

နော်ဝေတွင် နိုင်ငံရေးပါတီပေါင်းများစွာ တွေ့ရပြီး ရွေးကောက်ပွဲသို့ရောက်လျှင် ရွေးချယ်စရာအများအပြားရှိသည်။ နော်ဝေတွင် နိုင်ငံရေးပါတီပေါင်း ၂ဝ ခန့်ရှိသည်။

အကြမ်းအားဖြင့် အကြီးဆုံးပါတီများကို ‘‘ဆိုရှယ်လစ်ဆန်သော’’ မှ ‘‘အရင်းရှင်ဆန်သော’’ ဘက်သို့ ပိုင်းခြားသတ်မှတ်ကာ ဇယားချကြည့်ပါက ဤသို့တွေ့ရမည် –
Rødt SV Ap SP KrF Venstre Høyre FrP

တရားဝင်အာဏာ နှင့် ဩဇာ(တရားမဝင်အာဏာ)

နော်ဝေလွှတ်တော်ကိုယ်စားလှယ် (Stortingspolitiker) များက ဥပဒေများ၊ ဥပဒေပြင်ဆင်ချက်များ နှင့် နိုင်ငံတော် အသုံးစရိတ် (ဘတ်ဂျက် budsjett) များကို ဆုံးဖြတ်ပြဋ္ဌာန်းသည်။ ဤနည်းဖြင့် တရားဝင်အာဏာက နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ မူဝါဒများကျင့်သုံးရမည်ဟု လွှမ်းမိုးခြယ်လှယ်သည်။ ထို့အပြင် အခြားသော တရားမဝင်အာဏာဟု ခေါ်တွင်သည့် ဩဇာကို ရှိထားသည့်ပုဂ္ဂိုလ်အများအပြားလည်းရှိသေးသည်။ ဆိုလိုသည်မှာ ထိုသူတို့က နိုင်ငံရေးတွင် အမျိုးမျိုးသောနည်းလမ်းတခုခုဖြင့် ဩဇာလွှမ်းမိုးကြသည်။

မီဒီယာ
နော်ဝေတွင် မီဒီယာများ (ရေဒီယို၊ တီဗီ၊ အင်တာနက်၊ သတင်းစာများ စသည်တို့) သည် လွတ်လပ်ကြသည်။ အဓိပ္ပါယ်မှာ မည်သည့်နိုင်ငံရေးပါတီကအာဏာရထားသည်ဖြစ်စေ ၎င်းတို့ရေးသားထုတ်လွှင့်လိုသမျှကို ရေးသားထုတ်လွှင့်နိုင်သည်။ သို့သော် မီဒီယာများသည် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့် (ytringsfrihet) ၏ ဘောင်အတွင်းတွင်သာရှိနေရမည်။ မီဒီယာသည် ဩဇာလွှမ်းမိုးနိုင်စွမ်းကြီးမားသည်။ မီဒီယာသည် တစုံတရာ ချွတ်ချော်တိမ်းစောင်းနေသည့်အခါများတွင် ဆောင်ရွက်ဖွယ်လုပ်ငန်းအဖြစ် တင်ပြလာပြီး အိမ်စောင့်ခွေးကဲ့သို့ အလုပ်လုပ်တတ်သည်ဟု ကျွန်ုပ်တို့ဆိုလေ့ရှိသည်။ ဤနည်းဖြင့် ၎င်းတို့က ကြည့်သူ ဖတ်သူ နားဆင်သူများနှင့် နိုင်ငံရေးသမားအမတ်များအပေါ် ဩဇာလွှမ်းမိုးသည်။

အကျိုးစီးပွားဖော်ဆောင်ပေးရေးအသင်းအဖွဲ့များ/strong>
နော်ဝေတွင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် (organisasjonsfrihet) ရှိသည်။ ဆိုလိုသည်မှာ အများအပြားရှိသည့်အနက် ပြည်သူလူထုအနေနှင့် အကျိုးစီးပွားဖော်ဆောင်ပေးရေးအသင်းအဖွဲ့အမျိုးမျိုးကို လွတ်လပ်စွာထူထောင်ပြီး အသင်းဝင်ပိုင်ခွင့်ရှိကြသည်။

ထိုသို့သောအသင်းအဖွဲ့များ၏ဥပမာအချို့ကိုပြရလျှင် –

  • မသန်စွမ်းမှု နှင့် ရောဂါ အမျိုးမျိုးရှိသည့် လူပုဂ္ဂိုလ်များအတွက် အသင်းအဖွဲ့များ
  • အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့များ
  • ကလေးအခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့များ
  • ပတ်ဝန်းကျင်- နှင့် သဘာဝရေမြေထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသင်းအဖွဲ့များ
  • မြို့နယ်များရှိ အခြင်းအရာအမျိုးမျိုးအတွက် ရပ်တည်တိုက်ပွဲဝင်ကြသည့် အသင်းအဖွဲ့များ

မီဒီယာများနည်းတူ ထိုသို့သော အသင်းအဖွဲ့များတွင်လည်း ကြီးမားသည့် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိကြသည်။ ၎င်းတို့ကလည်း ကြည့်သူ ဖတ်သူ နားဆင်သူများနှင့် နိုင်ငံရေးသမားအမတ်များအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။ ပုဂ္ဂိုလ်များ အသင်းအဖွဲ့များက နိုင်ငံရေးသမားအမတ်များနှင့် ယင်းတို့၏ဆုံးဖြတ်ပြဋ္ဌာန်းချက်များအပေါ် တရားမဝင်အာဏာဖြင့်လွှမ်းမိုးရန်ကြိုးစားသည်ကို ကျွန်ုပ်တို့က နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှု (lobbyisme) ဟုပြောလေ့ရှိသည်။

အချက်အလက်

မဲပေးပိုင်ခွင့်

  • မဲပေးပိုင်ခွင့်ရှိသောအနိမ့်ဆုံးအသက်မှာ ၁၈ နှစ်ဖြစ်သည်။
  • လွှတ်တော်ရွေးကောက်ပွဲတွင်မဲပေးနိုင်ရန် သင်သည် နော်ဝေနိုင်ငံသားဖြစ်နေရမည်။
  • တိုင်းတရားရုံးနှင့် မြှို့နယ်အုပ်ချုပ်ရေးအဖွဲ့အတွက် မဲပေးလိုလျှင် သင်သည် နော်ဝေနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ၃ နှစ်ကတည်းက