ဒီမိုကရေစီနှင့် လူမှုဝန်ထမ်းနိုင်ငံတော်

နော်ဝေ ဧကရာဇ်နိုင်ငံတော်

Kongeparet og Kronprinsparet, (Foto: Sølve Sundsbø / Det kongelige hoff)

နော်ဝေသည် ဧကရာဇ်နိုင်ငံတော်တခု ဖြစ်သည်။ ဧကရာဇ်နိုင်ငံတော်တခုတွင် နိုင်ငံ့အကြီးအကဲသည် ဘုရင် (သို့) ဘုရင်မဖြစ်သည်။ နော်ဝေတွင်မူ ဘုရင်သည် နိုင်ငံရေးအာဏာ အနည်းငယ်မျှသာရှိသည်။ သို့သော် အပတ်စဉ် နိုင်ငံ့ဦးသျှောင်အစည်းအဝေးကို ခေါ်ယူနိုင်သော တရားဝင်အဆင့်အတန်းရှိပြီး အစိုးရ၏တရားဝင် ဆုံးဖြတ်ချက်များနှင့် လွှတ်တော်ကပြဋ္ဌာန်းလိုက်သည့်ဥပဒေများကို လက်မှတ်ရေးထိုးပေးသည်။

ဧကရာဇ်(ဘုရင်/ဘုရင်မ) သည် ပြည်သူက နိုင်ငံရေးရွေးကောက်ပွဲများမှတဆင့် ရွေးကောက်တင်မြှောက်ရသ်ညမဟုတ်ပေ။ ရာထူးကို မိဘများထံမှ သားသမီးများက အမွေခံယူသည်။ နော်ဝေဘုရင်ကြီး၏အမည်မှာ ပဉ္စမမြောက် ဟာ့ရားလ်ဒ် ဖြစ်သည်။ သူသည် မိဘုရား ဆွန်နျာ နှင့် ထိမ်းမြားလက်ထပ်ထားသည်။ သူတို့တွင် သားသမီး နှစ်ယောက်ရှိသည် – မင်းသမီး မာ့သာ လူဝီဆာ (၁၉၇၁ ခုနှစ် ဖွား) နှင့် အိမ်ရှေ့မင်းသား ဟော့ကွန်း (၁၉၇၃ ခုနှစ် ဖွား) တို့ဖြစ်သည်။ အိမ်ရှေ့မင်းသား ဟော့ကွန်း မာ့ဂ်နူ့စ်က ဖခင်ထံမှ ဘုရင်အရိုက်အရာကို အမွေဆက်ခံမည်ဖြစ်သည်။ သူ့နောက်တွင် သူ့သမီး မင်းသမီး အင်းငရစ်ဒ် အလက်ဆန္ဒရား (၂ဝဝ၄ ခုနှစ် ဖွား) က နော်ဝေထီးနန်းကိုအမွေဆက်ခံမည့်သူဖြစ်သည်။

Kong Harald, Kronprins Haakon og Prinsesse Ingrid Alexandra, (Foto: Morten Brun, Det kongelige hoff)

အချက်အလက်

ဘုရင်များ

ဆွီဒင်နိုင်ငံနှင့် ပေါင်းစည်းနေခဲ့ရာမှ ၁၉ဝ၅ ခုနှစ်တွင် သီးခြားခွဲထွက်ပြီးချိန်မှစ၍ နော်ဝေတွင် ဘုရင် ၃ ပါး ရှိခဲ့သည်။

    • သတ္တမမြောက် ဟော့ကူးန် (ဘုရင် ၁၉ဝ၅-၁၉၅၇)
    • ပဉ္စမမြောက် အူးလာ့ဗ် (ဘုရင် ၁၉၅၇-၁၉၉၁)
    • ပဉ္စမမြောက် ဟာ့ရားလ်ဒ် (ဘုရင် ၁၉၉၁-ယနေ့တိုင်)

Kong Haakon med kronprins Olav på armen, 1905, (Oslo Museum, ukjent fotograf)