ဒီမိုကရေစီနှင့် လူမှုဝန်ထမ်းနိုင်ငံတော်

နိုင်ငံတကာအဖွဲ့အစည်းများတွင် နော်ဝေနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု

နော်ဝေသည် နိုင်ငံတကာအဖွဲ့အစည်းအများအပြားတွင် အဖွဲ့ဝင်ဖြစ်ပြီး ယင်းတို့က နော်ဝေနိုင်ငံ၏ မူဝါဒများအပေါ် သြဇာသက်ရောက်မှု ရှိသည် – ဥပမာ ကုလသမဂ္ဂ FN ၊ မြောက်အတ္တလနိ ္တတ်စာချုပ်အဖွဲ့ NATO နှင့် ဥရောပဓနသဟာယ EØS ။

ကုလသမဂၢ

ကုလသမဂၢ အလံ

ကုလသမဂ္ဂသည် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော နိုင်ငံတကအဖွဲ့အစည်းတခုဖြစ်သည်။ ကုလသမဂ္ဂသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြှုံရေးအတွက် ဆောင်ရွက်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာနှင့် ညှိနှိုင်းဆွေးနွေးကြသော စုရပ်တခုဖြစ်သည်။ ယခုအခါ ကုလသမဂ္ဂတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည်။

ကုလသမဂ္ဂသည် နိုင်ငံတကာတရားရုံး၊ စီးပွားရေးဖွ့ဖြိုးမှု နှင့် လူ့အခွင့်အရေးများအတွက်လည်း ဆောင်ရွက်သည်။ ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးဖော်ဆောင်သောအဖွဲ့အစည်းအဖြစ် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သည်။ အဖွဲ့ဝင်နိုင်ငံများက ငွေကြေးထည့်ဝင်သည့်နည်းအားဖြင့် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးကို လည်ပတ်သည်။ ကုလသမဂ္ဂတွင် တရားစီရင်ရေးအာဏာ အစစ်မရှိပါ။ ထိုကြောင့် ကုလသမဂ္ဂတွင်ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်နိုင်ငံများအကြား မဖြစ်မနေလိုက်နာရန်မဟုတ်ပါ။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး NATO)

NATO-landene (Kilde: Wikimedia Commons)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ NATO သည် ဥရောပနှင့် မြောက်အမေရိက တိုက်များမှ အဖွဲ့ဝင် ၂၈ နိုင်ငံတို့ ပါဝင်သော ကာကွယ်ရေးမဟာမိတ်ဖွဲ့စည်းမှု တခုဖြစ်သည်။ နေတိုးကို ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံတခု (သို့) နိုင်ငံများ ကို အခြား နိုင်ငံတခု (သို့) နိုင်ငံများက ကျူးကျော်လာခဲ့လျှင် အတူတကွ ပူးပေါင်းရင်ဆိုင်ရန် အပြန်အလှန် ကတိကဝတ်ပြုထားကြသည်။

ဥေရာပဓနသဟာယ EØS

နော်ဝေနိုင်ငံတွင် ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်ခြင်းနှင့် ပတ်သက်၍ (၁၉၇၂ နှင့် ၁၉၉၄ ခုနှစ်တို့တွင်) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခဲ့သည်။ နှစ်ကြိမ်စလုံးတွင်ပင် ပြည်သူအများစုက နော်ဝေနိုင်ငံ ဥရောပသမဂ္ဂသို့ ဝင်မည့်ကိစ္စကို ဆန့်ကျင်ခဲ့ကြသည်။ နော်ဝေနိုင်ငံသည် ဥရောပသမဂ္ဂ၏အဖွဲဝင်နိုင်ငံမဟုတ်လင့်ကစား ကတိကဝတ်ထားကာ ဥရောပအရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်လျက်ရှိသည်။ ထိုပူးပေါင်းဆောင်ရွက်မှုကို ဥရောပဓနသဟာယ (EØS)ဟု ခေါ်တွင်သည်။ ဥရောပဓနသဟာယစာချုပ်ပါစည်းမျဉ်းများက ဥရောပဓနသဟာယအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ မူတခုတည်းဖြင့် စီမံဆောင်ရွက်ကြရန် ညှိနှိုင်းပေးသည်။ ပူးပေါင်းမှုတွင် ကူးသန်းရောင်းဝယ်ရေး၊ ဝန်ဆောင်မှု၊ လုပ်အားနှင့် ငွေအရင်းအနှီးဆိုင်ရာကိစ္စရပ်များတွင် လွတ်လပ်စွာဖလှယ်ကြသည့် ဥရောပသမဂ္ဂ၏စည်းမျဉ်းများကို ကျွန်ုပ်တို့က လိုက်နာကျင့်သုံးမှုလည်း ပါဝင်သည်။

EU- og EØS-området (Kilde: Wikicommons)

အပြာရောင်ခြယ်ထားသောနိုင်ငံများသည် ဥရောပသမဂ္ဂဝင်နိုင်ငံများဖြစ်သည်။ (အစိမ်းရောင်ခြယ်ထားသော) နော်ဝေ၊ အိုက်စ်လန်ဒ် နှင့် လိချ်တယ်န်စတိုင်းန် နိုင်ငံတို့မှာ ဥရောပဓနသဟာယပူးပေါင်းစာချုပ်အရ ဥရောပသမဂ္ဂဝင်နိုင်ငံများနှင့် ပူးပေါင်းလျက်ရှိသည်။

ရှယ်ငယ်န် ကတိစာချုပ်

ရှယ်ငယ်န် သဘောတူစာချုပ်သည် သဘောတူညှိနှိုင်းထားသော နိုင်ငံများနှင့် ကျန်နိုင်ငံများကြား နယ်စပ်ကြီးကြပ်စစ်ဆေးရေးကို အစားထိုးသည့်စာချုပ်ဖြစ်သည်။ အဓိပ္ပါယ်မှာ ရှယ်ငယ်န်နိုင်ငံများအားလုံးကို ကြီးမားသော ဒေသကြီးတခုအဖြစ်သဘောထားပြီး အပြင်ဆုံးကျသောနိုင်ငံ့နယ်နိမိတ်တွင် နိုင်ငံကူးလက်မှတ် (passport) (သို့) တရားဝင်နိုင်ငံဝင်ခွင့်လက်မှတ် (visa) ပြနိုင်မှ ဒေသအတွင်းသို့ ဝင်ခွင့်ရသည်။ ဝင်ခွင့်ရပြီဆိုသည်နှင့် ဗီဇာစစ်ဆေးရေးစခန်းများတွင် အစစ်ဆေးခံရန်မလိုဘဲ ဒေသတွင်းရှိ နိုင်ငံအများအပြားသို့ ပုံမှန် လွတ်လပ်စွာခရီးသွားနိုင်သည်။ (ဤအချက်မှာ ထူးခြားဖြစ်စဉ်များနှင့်ကြုံကြိုက်လျှင်ပြောင်းလဲသွားနိုင်သည့်အတွက် နော်ဝေရဲတပ်ဖွဲက ခရီးသွားသူအားလုံးကို အခြားနိုင်ငံသို့သွားပါက ပတ်စ်ပို့ထ်ကို ဆောင်သွားရန် ညွှန်ကြားထားသည်။) ထိုကတိစာချုုပ်ကို လူ့က်စင်းဘာ့ဂ်နိုင်ငံ ရှယ်ငယ်န်တွင် ၁၉၈၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုအခါ ဥရောပ၏ နိုင်ငံ ၂၇ ခုတွင် အကျုံးဝင်သည်။

ရှယ်ငယ်န် ကတိစာချုပ်လက်မှတ်ရေးထိုးထားသော နိုင်ငံများး Schengen-området (Kilde: Wikicommons)