ဒီမိုကရေစီနှင့် လူမှုဝန်ထမ်းနိုင်ငံတော်

လူမှုဝန်ထမ်း ခံစားခွင့်များ

အမျိုးသမီးကြီးတယောက် ဆေးကုသမှုခံယူနေပုံ ဘီးတပ်လှည်းသုံးသူများ ဇရာပိုင်း ဇနီးမောင်နှံ စာကြည့်တိုက်ရောက် ကျောင်းသားလေးများ နေ့ကလေးထိန်းဌာန Nyfødt barn på vekt
Disse bildene viser noen av velferdsgodene i det norske samfunnet.

နော်ဝေတွင် လူမှုဝန်ထမ်း ခံစားခွင့်များသည် အားလုံးအတွက်ဖြစ်သည်။ အဓိပ္ပါယ်မှာ မည်သူမဆို ထိုခံစားခွင့်များကို ခံစားခွင့်ရှိသည်ဟု ဆိုလိုသည်။

မည်သူမဆို လူမှုဝန်ထမ်း ခံစားခွင့်များရပိုင်ခွင့်ရှိသည်ဆိုသော်လည်း လူတိုင်းလူတိုင်း ခံစားခွင့်အားလုံးကို ရလိမ့်မည်ဟု ယူဆ၍မရပေ။

ကျွန်ုပ်တို့အများစု၏ သက်တမ်းတလျှောက်တွင် လူမှုဖူလုံရေး ခံစားခွင့်များကို ကြာရှည်စွာ ခံစားခဲ့ကြပါသည်။ ဥပမာပေးရလျှင် ယခုခေတ် ကလေးနှင့်လူငယ်တိုင်း ၁ဝ နှစ်ကြာ ကျောင်းပညာရေးကို ခံစားပိုင်ခွင့်နှင့်တာဝန်ရှိပြီး အများစုက တက္ကသိုလ်ဝင်တန်းကျောင်းလည်း တက်ကြသည်။ ကျွန်ုပ်တို့ထဲမှ အတော်များများလည်း အရွယ်ညောင်းချိန်တွင် သက်ကြီးပင်စင်စားများဖြစ်လာကြမည်ဖြစ်၍ ကံကောင်းကြသည်ဟု ဆိုရပေမည်။

အချို့ လူမှုဝန်ထမ်း ခံစားခွင့်များ ကို ကျွန်ုပ်တို့သက်တမ်းတွင် တရံတခါ (သို့) အကြိမ်ကြိမ် သုံးကြရသည်။ နော်ဝေတွင် ဆေးရုံတက်ပြီးကုသခံလျှင် အခမဲ့ဖြစ်သည်။ သို့သော် ဆရာဝန်နှင့်ပြသောအခါ အတွက်ကျစရိတ်ကို ပေးချေရသည်။

အခြားလူမှုဝန်ထမ်း ခံစားခွင့်များမှာ ကျွန်ုပ်တို့ဆင်းရဲကြပ်တည်းချိန်များ – ဥပမာ… အလုပ်လက်မဲ့ဖြစ်ချိန် (သို့) နာမကျန်း၍ အလုပ်မဆင်းနိုင်ချိန်များ – တွင် ကျွန်ုပ်တို့ကို ကူညီပေးရန်ဖြစ်သည်။ အဆိုပါ ငွေကြေးအကူအညီကို ဖော်ပြပါအခြေအနေမျိုးမျာတွင် ကျွန်ုပ်တို့ရယူခြင်းမှာ နေမှုထိုင်မှုပြန်လည်အဆင်ပြေအောင် ယာယီကူညီရုံမျှသာဖြစ်သည်။
အလုပ်သမားနှင့် လူမှုဖူလုံရေး ဦးစီးဌာန (လုပ်သား/ဦးစီး)

အချက်အလက်

လူမှုဝန်ထမ်းလူ့ဘောင်ကြီးက နိုင်ငံသားများကို ပေးကမ်းထားသော ဝန်ဆောင်မှုအမျိုးမျိုးကို လူမှုဖူလုံရေးခံစားခွင့်များ ဟုခေါ်သည်။

  • အချို့ လူမှုဖူလုံရေးခံစားခွင့်များကို ကျွန်ုပ်တို့၏ တသက်တာအတွင်း ကြာရှည်စွာ အသုံးပြှုကြသည်။
  • အချို့ လူမှုဖူလုံရေးခံစားခွင့်များကို တခါတရံသာ သုံးသည်။
  • အချို့ လူမှုဖူလုံရေးခံစားခွင့်များကို မည်သည့်အခါမျှ မသုံးကြပေ။