သားသမီးနှင့် မိသားစု

မိသားစုများ

Foreldre og barn

နော်ဝေတွင် နှစ်စဉ် ကလေး ၆ဝ ဝဝဝ ခန့်မွေးဖွားသည်။ နော်ဝေအမျိုးသမီးတဦးလျှင် ပျမ်းမျှ ကလေး ၁.၅ ယောက်ရှိကြသည်။ ကလေး ၄ ယောက်အနက် ၃ ယောက်သည် မိဘနှစ်ပါးနှင့် အတူနေထိုင်သည်။ ကျန် လေးပုံတပုံမှာ မိဘ တပါး သို့မဟုတ် မိဘတပါးနှင့် ၎င်း၏ ကြင်ဖော်သစ်တို့နှင့်အတူ နေထိုင်ကြသည်။

Ungt par Mor, far og to barn Homofilt par Eldre par Far og datter

အတူပေါင်းသင်းနေထိုင်ကြသူ မောင်နှံ စုံတွဲ ၄ စုံလျှင် ၃ စုံသည် လက်ထပ်ပြီးသူများဖြစ်ပြီး ၁ စုံမှာ လက်မထပ်ဘဲ အတူပေါင်းသင်းနေထိုင်ကြသူများဖြစ်သည်။ ယောကျ်ားရေး မိန်းမပါ ပထမဆုံးအကြိမ်အဖြစ် လက်ထပ်ကြသည့် ပျမ်းမျှအသက်အရွယ်မှာ ၃ဝ ကျော် ဖြစ်သည်။ အတော်များများမှာ အတူနေသူများအဖြစ် လက်မထပ်မီ နှစ်အတန်ကြာကတည်းက ပေါင်းသင်းနေခဲ့ကြသူများဖြစ်သည်။ နှစ်စဉ် လက်ထပ်ပြီးသူ ဇနီးမောင်နှံ ၁ဝ ဝဝဝ ခန့် အိမ်ထောင်ကွာရှင်းလေ့ရှိသည်။ ယင်းသည် နှစ်စဉ်လက်ထပ်ကြသူများ၏ ထက်ဝက်နီးပါးမျှရှိသည်။ နော်ဝေရှိ လူဦးရေ၏ ၄၀% နီးပါးသည် တကိုယ်တည်းနေကြသူများဖြစ်သည်။

အချက်အလက်

မိသားစု

အများစုသည် မိသားစုဝင်ဖြစ်ကြသည်။ အချို့က အခြားမိသားစုဝင်များနှင့်အတူနေကြပြီး အချို့က တကိုယ်တည်း နေကြသည်။ တကိုယ်တည်းနေသူများတွင်လည်း – အတော်များများတွင် မိသားစုရှိသည် – မိသားစုက အခြားတအိမ်တွင်ဖြစ်စေ အခြားတမြှို့တွင်ဖြစ်စေ အခြားတနိုင်ငံတွင်ဖြစ်စေ နေကြသည်။

အိမ်သူအိမ်သားများ

တစီးပွားတည်းပူးပေါင်းပြီး တအိမ်တည်းအတူနေသူများကို အိမ်သူအိမ်သားဟုခေါ်တွင်သည်။ အိမ်သူအိမ်သားဟုပြောလျှင် လူတဦးတည်း(သို့)အများအပြား ပါဝင်နိုင်သည်။