သားသမီးနှင့် မိသားစု

ကလေးဘဝ၊ ကလေးများဆိုင်ရာဥပဒေ နှင့် ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာန

အတူတွေ့ရသော ကလေး ၅ ယောက် ကစားနေကြသော ကလေးများ ဆောင်းရာသီ ကစားနည်းဖြင့် ကစားနေသော ကလေး

ကုလသမဂ္ဂ၏ ကလေးများဆိုင်ရာ သဘောတူစာချှုပ်တွင် ကလေးများ မည်သည့်အခွင့်အရေးများ ရထိုက်သည်ကို အချက် ၄၂ ချက်ထည့်သွင်းချုပ်ဆိုထားသည်။ ထိုစာချုပ်ကို ၁၉၈၉ ခုနှစ်တွင် အတည်ပြှုခဲ့ပြီး နော်ဝေနိုင်ငံက ၁၉၉၁ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်သည် အသက် ၁၈ နှစ်အောက် ကလေးများနှင့် သက်ဆိုင်ပြီး ကလေးများအပေါ် မိဘများကဆောင်ရွက်ရမည့် ဝတ္တရားများနှင့် ကလေးများ၏ မိဘများထံမှ ရပိုင်ခွင့်များကို အကျယ်တဝင့် ဖော်ပြထားသည်။

ကလေးများဆိုင်ရာဥပဒေမှ အရေးကြီးသော အချို့အချက်အလက်များကို အောက်တွင် ဖော်ပြထားသည်။

  • ကလေးတယောက် မွေးဖွားပြီးသွားလျှင် ဆရာဝန် (သို့) သားဖွားဆရာမသည် သန်းခေါင်စာရင်းဌာနသို့ မွေးဖွားမှုသတင်းပေးပို့ရမည်။ ထိုအခါ ကလေး၏ မိခင် မည်သူ ဖခင် မည်ဝါ ဖြစ်ကြောင်းနှင့် မိဘများ အတူနေ မနေကို အကြောင်းကြားရမည်။ ဆရာဝန်မပါဘဲ မွေးဖွားရလျှင် သို့မဟုတ် မိခင်က နိုင်ငံခြားတွင်နေထိုင်စဉ် မွေးဖွားခြင်းဖြစ်လျှင် မိခင်ကိုယ်တိုင်က သတင်းပို့ရန် တာဝန်ရှိသည်။
  • ထုံးစံအရ ကလေးကို အဓိကတာဝန်ယူကြရမည်မှာ မိဘများသာဖြစ်ပြီး ကလေးသည် မိဘများ၏ ပြှုစုစောင့်ရှောက်မှုနှင့် ဂရုစိုက်မှုတို့ကို ရရန် လိုအပ်သည်။
  • ကလေးများကို ရှာဖွေကျွေးမွေးရန် မိဘများတွင် ဝတ္တရားရှိသည်။ ထိုသောအခါ ကလေးများ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အစားအစာ၊ အဝတ်အထည် နှင့် အခြားအသုံးအဆောင်များ ရရှိအောင် မိဘများက လုပ်ကိုင်ရှာဖွေပေးရမည်။ ထိုဝတ္တရားမှာ ကလေး အသက် ၁၈ နှစ်ပြည့်သည်အထိ အကျုံးဝင်သည်။ ထုံးစံအရ ကလေးများ အသက် ၁၈ နှစ်ပြည့်ပြီးသည့်တိုင် တက္ကသိုလ်ဝင်တန်းကျောင်း ပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်စောင့်ရှောက်ရန် ဝတ္တရားရှိသည်။
  • မိဘများသည် သားသမီးကို သွန်သင်ဆုံးမမှု ကောင်းကောင်း ပေးရမည်ဖြစ်ပြီး အမြဲတစေ ကလေး၏ကောင်းကျိုးနှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။ ကလေးများကိုသွန်သင်ဆုံးမရာတွင် ကြမ်းကြမ်းတမ်းတမ်းလုပ်ခြင်းကို ကလေးများဆိုင်ရာဥပဒေက တားမြစ်သည်။ သိသိသာသာ ကြမ်းတမ်းမှုများ (သို့) စော်ကားမော်ကာလုပ်ခြင်းများ လုပ်လာပါက မိသားစုအရေးတွင် ကလေးကောင်ကျိုးစောင့်ရှောက်ရေးဌာနက ဝင်ရောက်စွက်ဖက်မည်ဖြစ်သည်။
  • ကလေးများကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိသေးမီကာလအတွင်း ကလေး၏ကိုယ်ရေးကိုယ်တာများကို မိဘများက ဝင်ရောက်ဆုံးဖြတ်ပေးရန် လုပ်ပိုင်ခွင့်နှင့် ဝတ္တရားရှိသည်။ ကလေးများဆိုင်ရာ ဥပဒေ၏ အရေးကြီးသော နိယာမတခုမှာ ကလေးတဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ ကလေး၏သဘောထားကို မိဘများက ပိုပိုပြီး အလေးထားရန်ဖြစ်သည်။ ကလေးအနေနှင့် တစထက်တစ ရင့်ကျက် ဖွံ့ဖြှိုးလာသည်နှင့်အမျှ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို တဖြည်းဖြည်း တိုးမြှင့်ပေးရမည်။ အသက် ၇ နှစ်အရွယ်ကလေးတယောက်သည် မိဘများ၏ဆုံးဖြတ်ချက်ကိုမစောင့်ဘဲ မိမိကိုယ်ရေးကိစ္စဖြစ်ပါက မိမိသဘောထားကို ဖော်ပြပိုင်ခွင့်ရှိသည်။ ကလေး အသက် ၁၂ နှစ်ပြည့်ပြီးပါက ကလေး၏သဘောထားကို အထူးအလေးထားရမည်ဟု ကလေးများဆိုင်ရာဥပဒေက ဖွင့်ဆိုထားသည်။
  • အသက် ၁၅ နှစ်ပြည်ပြီးသော လူငယ်လေးတယောက်သည် ပညာရေးနှင့်ပတ်သက်၍၎င်း အသင်းအဖွဲ့ ဝင်ခြင်းထွက်ခြင်းနှင့် ပတ်သက်၍၎င်း မေးလာခဲ့လျှင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဥပမာပြရလျှင် – မည်သည့်တက္ကသိုလ်ဝင်တန်းကျောင်းမျိုးကို ဝင်ခွင့်လျှောက်ထားမည်ကို ထိုလူငယ်လေးကိုယ်တိုင်က ဆုံးဖြတ်ရမည်ဖြစ်သည်။ မိဘများက ထိုလူငယ်နှင့် တိုင်ပင်ဆွေးနွေးချင်ကြပြီး များသောအားဖြင့် လမ်းညွှန်မှုပေးချင်ကြပါသည်။ သို့သော် အဆုံးတွင် လူငယ်လေးကိုယ်တိုင်သာ ဆုံးဖြတ်ရမည်ဖြစ်သည်။ လူငယ်တယောက်အနေနှင့် နိုင်ငံရေးအသင်းများ ဘာသာရေးဝတ်ပြှုကျောင်းများ နှင့် အခြားအဖွဲ့အစည်းများတွင် ပါဝင်ခြင်းကို ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။
  • မိဘများက ဂရုစိုက်သင့်သည်မှာ ကလေးများ မသင်မနေရ အခြေခံပညာရေးကို သင်ယူမှုဖြစ်ပြီး ကလေး၏ စွမ်းရည်နှင့်ဝါသနာများနှင့် သင့်လျော်မည့် အဆင့်မြင့်ပညာကို ရရှိစေရန် ဖြစ်သည်။
  • မိဘများခွဲခွာနေတိုင်နေကြသည့်တိုင် ကလေးအနေနှင့် မိဘ နှစ်ပါးစလုံးနှင့်တွေ့ဆုံပိုင်ခွင့်ရှိသည်။
  • နော်ဝေနိုင်ငံတွင် အရွယ်ရောက်ကြောင်း အသိအမှတ်ပြုသည့် အသက်မှာ ၁၈ နှစ်ဖြစ်သည်။ ဤသည်မှာ တရားဥပဒေဆိုင်ရာကတိကဝတ်များကို ဆုံးဖြတ်နိုင်သည့်အရွယ်ရောက်သည်ကို ရည်ညွှန်းသည်။ မိဘများအနေနှင့် ကြားဝင်တာဝန်ခံရန်မလိုတော့ပေ။

ကလေးကောင်းကျိုး စောင့်ရှောက်ရေးဌာန

နော်ဝေ ကလေးကောင်းကျိုး စောင့်ရှောက်ရေးဌာန
ကလေးများကို ကျွေးမွေးစောင့်ရှောက်ခြင်းနှင့် ဆုံးမသွန်သင်ခြင်းတို့တွင် ဦးစားပေးအားဖြင့် မိဘများ၏ ဝတ္တရားဖြစ်သည်။ မိဘများအနေနှင့် ရေတိုရေရှည် အခက်အခဲများရှိကြပြီး အကူအညီလိုကောင်းလိုနေနိုင်သည် – ဥပမာ စားဝတ်နေမှုအခက်အခဲ။ ထိုသို့သော အခြေအနေများတွင် ကလေးနှင့် မိသားစုကို ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနက ပံ့ပိုးကူညီနိုင်ပါသည်။

မြှို့နယ်တိုင်းတွင် ကလေးကောင်းကျိုး စောင့်ရှောက်ရေး အဖွဲ့ တခုစီရှိသည်။
ကလေးကောင်းကျိုးစောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းများကို ကလေးများဆိုင်ရာဥပဒေနှင့် ထိန်းချုပ်ထားသည်။ ထိုဥပဒေသည် နော်ဝေနိုင်ငံအတွင်းနေထိုင်သော အယုတ်အလတ်အမြတ်မရွေး လူမျိုးမရွေး နိုင်ငံသားမရွေး ကလေးအားလုံးနှင့် သက်ဆိုင်သည်။

ကလေးအတွက် အကောင်းဆုံးဖြစ်စေရန်
ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာန သည် ကလေးအတွက် အကောင်းဆုံးဖြစ်စေရန် အကူအညီပေးမည်ဖြစ်သည်။ ဤသည်မှာ ကုလသမဂ္ဂ၏ ကလေးများဆိုင်ရာ သဘောတူစာချှုပ်နှင့် အညီဖြစ်ပြီး နော်ဝေ ဥပဒေ၏ အစိတ်အပိုင်းတခုလည်းဖြစ်သည်။ ကလေးများဆိုင်ရာ သဘောတူစာချှုပ်က သတ်မှတ်သည်မှာ ကလေးများသည် အထူးလိုအပ်ချက်များရှိပြီး ရှင်သန်ရေး၊ ဖွံ့ဖြှိုးရေး၊ ကာကွယ်စောင့်ရှောက်မှု နှင့် လူရာဝင်မှုတို့အတွက် အခြေခံရပိုင်ခွင့်များရှိထားသော သီးခြားလွတ်လပ်သူများဖြစ်ကြသည်။

ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာန၏ အရေးအကြီးဆုံး အလုပ်
– ကူညီရန် နှင့် ဖေးမစောင့်ရှောက်ရန်

အိမ်တွင်းရေး (သို့) အခြားအကြောင်းများကြောင့် ကလေးတယောက်အတွက် လိုအပ်လာလျှင် ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနက ကလေးများနှင့် မိသားစုများကို ကူညီဖေးမမည်။

– ဝင်ရောက်စွက်ဖက်ရန် တာဝန် – မိဘများ၏ ဆန္ဒနှင့် ဆန့်ကျင်လျက်

သာမန်အားဖြင့် ကလေးတယောက်အဖို့ မိမိအိမ်တွင် ကြီးပြင်းခြင်းသာလျှင် အကောင်းဆုံးဖြစ်သော်လည်း ကလေး၏လိုအပ်ချက်များကို ပြည့်မိအောင် မိသားစုက လိုလားစွာလက်ခံထားသော ကူညီရေးအစီအမံများက ကျေနပ်လောက်အောင် ဖြည့်စည်းမပေးနိုင်ခဲ့လျှင် ကလေးကောင်းကျိုးစောင့်ရှောက်ရေးအဖွဲ့က ဝင်ရောက်စွက်ဖက်ရန် ဝတ္တရားရှိသည်။ ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနက ကလေးအပေါ် ပြှုစုစောင့်ရှောက်ရေးတာဝန် လွှဲပြောင်းယူရသည့် အခြေအနေရောက်စေရန် အလွန်အမင်း ဆိုးရွားသောအကြောင်းရင်းများ မလွဲမသွေရှိရမည်။ ဥပမာအားဖြင့် ကလေးကို အနိုင်ကျင့်မှုကဲ့သို့သော ဆိုးဆိုးရွားရွား အုပ်ထိန်းမှုဝတ္တရားပျက်ကွက် သွားနိုင်ဖွယ် အခြေအနေများ။ အကယ်ဤ မိဘသဘောတူညီချက်မရဘဲ ကလေးကို အခြားတနေရာသို့ ရွှ့ပြောင်းထားရမည်ဆိုပါက ကလေးသူငယ်ကောင်းကျိုး နှင့် လူမှုရေးဆိုင်ရာ တိုင်းခုံသမာဓိရုံး၏ စိရင်ဆုံးဖြတ်ချက်ကို ရယူရမည်။ ထိုရုံးသည် တရားရုံးနှင့်အလားတူသော အစိုးရဌာနတခုဖြစ်သည်။

ကလေးကောင်းကျိုးဆိုင်ရာ အမှုတခုတွင် စီမံဆောင်ရွက်ပုံအဆင့်ဆင့်
ကလေးကောင်းကျိုးဆိုင်ရာ အမှုအများစုသည် မိဘများကိုယ်တိုင် ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနသို့ ဆက်သွယ်ပြီး အကူအညီတောင်းခံသည်မှ စတင်သည်။ ကလေးကောင်းကျိုးစောင့်ရှောက်ရေးအဖွဲ့သို့ မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်း (heksestasjon)၊ ဆေးရုံ၊ ကျောင်း၊ နေ့ကလေးထိန်းဌာန၊ အိမ်နီးချင်း နှင့် အခြား ကလေးအတွက်စိုးရိမ်သူများက အကြောင်းကြား ဆက်သွယ်လာသည်များလည်း ရှိပါသည်။ ကျောင်း၊ နေ့ကလေးထိန်းဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဆေးခန်း တို့ကဲ့သို့သော ဌာနများမှ အစိုးရဝန်ထမ်းများတွင် ကလေးတယောက်အတွက် အလေးအနက်စိုးရိမ်ဖွယ်ရှိပါက ကလေးကောင်းကျိုးစောင့်ရှောက်ရေး ဌာနသို့ဆက်သွယ်ရမည်ဟုပြဋ္ဌာန်းထားသော ဥပဒေအရ သတင်းပို့ရန်ဝတ္တရားရှိသည်။ အကြောင်းကြားချက်မှန်သမျှကို ဌာနက စိစစ်သုံးသပ်မည်သာဖြစ်သည်။ အကြောင်းခိုင်လုံသည်ဟု ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနက ထင်မြင်လျှင် ကလေးအခြေအနေကိုသိနိုင်စေရန် မိဘကိုရော ကလေးကိုပါဆက်သွယ်မေးမြန်းလိမ့်မည်။

ကလေးနှင့် လူကြီးများ ကလေးကောင်းကျိုးစောင့်ရှောက်ရေးဌာနသို့ မည်သို့ဆက်သွယ်ရမည်နည်း?
မြှို့နယ်တိုင်းတွင် နေ့အချိန်တွင်ဖွင့်သော ကလေးကောင်းကျိုး စောင့်ရှောက်ရေး အဖွဲ့ တခုစီရှိသည်။ ညနေ ညပိုင်း နှင့် ရုံးပိတ်ရက်များ တွင် ကလေး (သို့) ကလေးတယောက်အတွက် စိုးရိမ်နေသူ တဦးအနေနှင့် ကလေးနှင့်လူငယ်များအတွက် အရေးပေါ် တယ်လီဖုန်းနံပတ် ဖြစ်သော 116 111 သို့ ဖုန်းဆက်နိုင်သည်။

အချက်အလက်

ကလေးဖူလုံရေးစရိတ်

ကလေးဖူလုံရေးစရိတ်ဆိုတာက နော်ဝေနိုင်ငံတွင်းနေထိုင်သူ အသက် ၁၈ နှစ်အောက်ကလေးတိုင်းအတွက်ပေးတဲ့ ငွေကြေးထောက်ပံ့မှုဖြစ်ပါတယ်။ သားသမီးမွေးထားလို့သုံးလိုက်ရတဲ့ကုန်ကျစရိတ်တွေကို ဒီထောက်ပံ့ကြေးက ကာမိပါလိမ့်မယ်။ ငွေကြေးပမာဏအပါအဝင် ကလေးဖူလုံရေးစရိတ်နဲ့ပတ်သက်လို့ သိမှတ်စရာတွေကို အောက်ဖော်ပြပါအင်တာနက်ကွင်းဆက်မှာ ဖတ်ရှုနိုင်ပါတယ် – Nav barnetrygd

ကိုယ့်ကလေးကိုယ်ထိန်းခထောက်ပံ့ကြေး

ကိုယ့်ကလေးကိုယ်ထိန်းခထောက်ပံ့ကြေးကတော့ နေ့ကလေးထိန်းဌာနကိုမပို့တဲ့ အသက်တနှစ်နဲ့နှစ်နှစ်ကြားအရွယ်ကလေးတွေအတွက်ပေးတဲ့ ထောက်ပံ့ငွေဖြစ်ပါတယ်။ ထောက်ပံ့ကြေးကို အသက် ၁၃ လနဲ့ ၂၃ ကြားကလေးတွေအတွက် လစဉ် ငွေသားထုတ်ပေးပါတယ်။ နေ့ကလေးထိန်းဌာနကို အချိန်ပိုင်းလောက်ပို့ခွင့်ရတယ်ဆိုရင်တော့ ထောက်ပံ့ငွေလျော့သွားပါတယ်။ ငွေကြေးပမာဏအပါအဝင် ကိုယ့်ကလေးကိုယ်ထိန်းခထောက်ပံ့ကြေးအကြောင်း ပိုမိုသိမှတ်စရာတွေကို အောက်ဖော်ပြပါအင်တာနက်ကွင်းဆက်မှာ ဖတ်ရှုနိုင်ပါတယ် – Nav kontantstøtte