သားသမီးနှင့် မိသားစု

ကလေးပြှုစုပျိုးထောင်ခြင်း

မိဘနှင့်ကလေး

ကလေးများသည် မိဘများကို မှီခိုကြရပြီး မိဘများတွင် မိမိတို့၏ကလေးကို ပြုစုပျိုးထောင်ရန် အဓိကဝတ္တရားရှိသည်။ ရှေးယခင်က ကလေးများကို ‘‘လူကြီးအသေးစားလေးများ’’ဟု သဘောထားကြပြီး သူတို့သည် မိသားစုဝင်ငွေရရန် အလုပ်လုပ်ခြင်းဖြင့် ဝိုင်းဝန်းကူညီခဲ့ကြရသည်။ ယခင်က လူများလှသော မိသားစုကြီးများတွင် နေထိုင်လေ့ရှိခဲ့ကြသော်လည်း ယခုခေတ်တွင် သေးငယ်လှသောမိသားစုများတွင်သာ ရှင်သန်ကြီးပြင်းနေကြသည်။ ကလေးအများစုက နေ့ကလေးထိန်းဌာနသို့သွားကြပြီး အသက် ၆ နှစ်ပြည့်ချိန်မှစ၍ ကလေးအားလုံး ကျောင်းနေကြသည်။

ကလေးပြုစုပျိုးထောင်ရေးတွင် အတွေးအမြင်များပြောင်းလဲလာခဲ့သည်။ ယခုအခါတွင် ကလေးဘဝသည် ကစားရန်နှင့် လေ့လာသင်ယူရန်ဖြစ်ပြီး ယခင်ကလို တာဝန်များ ခွဲဝေသတ်မှတ်ပေးမထားတော့ပါ။ မိဘများကလည်း သူတို့သားသမီးများနှင့်အတူ မခွာတမ်းရှိနေချင်ကြပြီး ခွဲထားရချိန်တွင် ကလေးများ မည်သို့ရှိမည်ကိုတတ်နိုင်သမျှ သိလိုကြသည်။ ထိုကြောင့် ၎င်းတို့အနေနှင့် နေ့ကလေးထိန်းဌာန၊ ကျောင်း တို့နှင့် ကောင်းကောင်းပူးပေါင်းဆောင်ရွက်ရန် အလေးအနက် ဦးစားပေးကြသည်။ မိဘအများစုက ကိုယ့်သားသမီးများ၏ သူငယ်ချင်းနှင့်၎င်းတို့၏ မိဘများကို သိကျွမ်းခင်မင်ရန်လည်း အရေးကြီးသည်ဟု ယူဆကြသည်။

ပြင်ပတွင် များစွာသင်ယူကာ အတွေ့အကြုံရှာလေ့ရှိကြသည့်အလျောက် ကလေးများတွင် လူ့အသိုင်းအဝိုင်းနှင့် သူတို့ရှင်သန်ရာပတ်ဝန်းကျင်၏ အရိပ်အရောင်များ ထင်ဟပ်နေလေ့ရှိသည်။ ကလေး၏ဖွံ့ဖြိုးတိုးတက်မှုကို မည်သည့်မိဘကမျှ အပြည့်အဝမထိန်းချုပ်နိုင်ပေ။ မည်သည့်ကလေးမျှ မိဘနှင့်တထပ်တည်းတူသူများဖြစ်မလာပေ။ မည်သို့ဆိုစေ မိဘများအနေနှင့် ထုံးစံအတိုင်း မိမိကလေးအတွက် စံပြပုဂ္ဂိုလ်ကောင်းများဖြစ်ချင်ကြပြီး ကလေးများကို မည်သို့ပြုမူနေထိုင်ရန်နှင့် အခြေအနေအရပ်ရပ်ကို တုန့်ပြန်ရင်ဆိုင်ပုံကို ပြသသင်ကြားပေးလေ့ရှိသည်။

တခါတရံ မိဘများသည် ကလေးပြုစုပျိုးထောင်ရသည်မှာ အလွန်ခက်ခဲလှသည် ဟု မြင်တတ်ကြသည်။ သို့ဆိုလျှင် ကောင်းစွာတတ်ကျွမ်းသူများထံမှ အကြံဉာဏ်တောင်းခံခြင်း၊ သက်ဆိုင်ရာစာအုပ်များကိုဖတ်ခြင်း နှင့် အင်တာနက်တွင် သတင်းအချက်အလက်ရှာဖွေခြင်းတို့ကို လုပ်နိုင်ပါသည်။