သားသမီးနှင့် မိသားစု

ထိမ်းမြားလက်ထပ်မှုနှင့်စပ်လျဉ်းသော ရပိုင်ခွင့်များနှင့် တာဝန်များ

Brudepar

ထိမ်းမြားလက်ထပ်မှုဆိုင်ရာ ဥပဒေမှ ကောက်နုတ်ချက် –

  • အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ယခင်ကလက်မထပ်ခဲ့ဖူးလျှင် ၎င်းအပြင် နော်ဝေတွင် တရားဝင်နေထိုင်ခွင့်ရှိနေသူဖြစ်လျှင် နော်ဝေနိုင်ငံတွင် ထိမ်းမြားလက်ထပ်ခွင့်ရှိသည်။
  • ထိမ်းမြားလက်ထပ်မှုအားလုံသည် မိမိတို့၏ဆန္ဒအလျောက်သာဖြစ်ရမည်။ အမျိုးသမီးရော အမျိုးသားပါ ကိုယ့်အိမ်တောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ ရာဇဝတ်မှုဥပဒေက ပြဋ္ဌာန်းထားသည်မှာ မည်သူမဆို တစုံတယောက်ကို နိုင်ထက်စီးနင်းလုပ်ပြီး၊ ဖိနှိပ်ချုပ်ခြယ်ပြီး၊ အကြပ်ကိုင်ပြီး (သို့) ခြိမ်းခြောက်အကြပ်ကိုင်ပြီး အိမ်ထောင်ပြုစေပါက ထိုသူကို ၆ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည်။ ပူးပေါင်းပါဝင်မှုကိုလည်း အလားတူ ပြစ်ဒဏ်ချစီရင်ရမည်။
  • မိမိ၏အိမ်ထောင်ဘက်နှင့် ဆက်လက်နေထိုင်လိုစိတ်မရှိဟု ဆုံးဖြတ်ပါက ခွဲခွာနေထိုင်မှုကို လျှောက်ထားနိုင်သည်။ ခွဲခွာနေထိုင်၍ ၁ နှစ်ပြည့်ပြီးပါက အိမ်ထောင်ကွာရှင်းမှုကို ရရှိမည်။ ခွဲခွာနေထိုင်မှုကို မလျှောက်ထားခဲ့ဘဲ ၂ နှစ်တာမျှ တကွဲတပြားစီနေထိုင်ခဲ့ပြီးဖြစ်လျှင်လည်း အိမ်ထောင်ကွာရှင်းခွင့် ရမည်သာဖြစ်သည်။ မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ ခွဲခွာနေထိုင်မှုကို ရယူနိုင်ပြီး နှင့် အိမ်ထောင်ကွာရှင်းမှုကိုလည်း လျှောက်ထားနိုင်သည့် တန်းထူအခွင့်အရေးရှိသည်။
  • မိမိ၏အိမ်ထောင်ဘက်က မိမိကို ဖြစ်စေ သားသမီးများကိုဖြစ်စေ သတ်ဖြတ်ရန်ကြှိုးစားမှု၊ ရိုက်နှက်အကြမ်းဖက်မှု၊ တရားလွန်အနိုင်ကျင့်မှုစသည့် အန္တရာယ်တခုခု ကျရောက်စေနိုင်ပါက သို့မဟုတ် ထိုသို့ကျရောက်စေမည်ဟု ခြိမ်းခြောက်လာပါက မိမိအနေနှင့် ကွာရှင်းမှုကိုလျှောက်ထားရန် မလိုဘဲ အိမ်ထောင်ပြတ်စဲမှုကို တောင်းဆိုနိုင်သည်။ အိမ်ထောင်ဘက်တယောက်အနေနှင့် အတင်းအကြပ်အိမ်ထောင်ပြုခံခဲ့ရပါက အိမ်ထောင်ကွာရှင်းမှုကို တောင်းဆိုပိုင်ခွင့်ရှိသည်။ ဤအကြောင်းရင်းများကြောင့် အိမ်ထောင်ပျက်ရပါက နိုင်ငံတွင်းနေထိုင်ခွင့်ဗီဇာနှင့်ပတ်သက်သည့်ကိစ္စရပ်များအထိ ရပိုင်ခွင့်များရှိသည်။
  • အိမ်ထောင်ဘက်များသည် မိသားစုကို ကျွေးမွေးစောင့်ရှောက်ရန် ပူးတွဲ တာဝန်ရှိသည်။ မိသားစုဝင်ငွေအတွက် ပူးတွဲတာဝန်ရှိသလို မိသားစုအဆင်ပြေရေးအတွက် ကိစ္စအဝဝကိုလည်း ပူးတွဲတာဝန်ရှိသည်။ သို့သော် ဤတာဝန်ကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ခွဲဝေထမ်းဆောင်နိုင်ပါသည်။ လုပ်စရာကိစ္စများမှာ ဝင်ငွေရှာရေး၊ အိမ်အလုပ်၊ ကလေးထိန်းကျောင်းရေး နှင့် အခြားလုပ်ဆောင်စရာများ ဖြစ်ကြသည်။ ရံဖန်ရံခါ မသုံးမဖြစ်သော အိမ်စရိတ်များကိုပေးရန် ငွေမလုံလောက်ပါက အိမ်ထောင်ဘက်တဦးအနေနှင့် အခြားတဦးထံမှ ငွေတောင်းပိုင်ခွင့်ရှိသည်။ ထိမ်းမြားလက်ထပ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၉ အရ ငွေရေးကြေးရေးနှင့်ပတ်သက်၍ အိမ်ထောင်ဘက်များသည့် အပြန်အလှန် အသိပေးရန် တာဝန်ရှိသည် ဟု ပြဋ္ဌာန်းသည်။ အိမ်ထောင်ဘက်တယောက်အနေနှင့် အခြားတဦး၏ နှစ်ချုပ်အခွန်ပြန်တမ်း၊ လချုပ်ဘဏ်ငွေစာရင်းပြန်တမ်း စသည်တို့ကို မိတ္တူတောင်းယူပိုင်ခွင့်ရှိသည်။
  • အိမ်ထောင်တခုတွင် မည်သူက မည်သည်တို့ကို ပိုင်သနည်း? အိမ်ထောင်ဘက်များသည် မိသားစုကို ကျွေးမွေးစောင့်ရှောက်ရန် ပူးတွဲ တာဝန်ရှိသည်။ မိသားစုဝင်ငွေအတွက် ပူးတွဲတာဝန်ရှိသလို မိသားစုအဆင်ပြေရေးအတွက် ကိစ္စအဝဝကိုလည်း ပူးတွဲတာဝန်ရှိသည်။ သို့သော် ဤတာဝန်ကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ခွဲဝေထမ်းဆောင်နိုင်ပါသည်။ လုပ်စရာကိစ္စများမှာ ဝင်ငွေရှာရေး၊ အိမ်အလုပ်၊ ကလေးထိန်းကျောင်းရေး နှင့် အခြားလုပ်ဆောင်စရာများ ဖြစ်ကြသည်။ ရံဖန်ရံခါ မသုံးမဖြစ်သော အိမ်စရိတ်များကိုပေးရန် ငွေမလုံလောက်ပါက အိမ်ထောင်ဘက်တဦးအနေနှင့် အခြားတဦးထံမှ ငွေတောင်းပိုင်ခွင့်ရှိသည်။ ထိမ်းမြားလက်ထပ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၉ အရ ငွေရေးကြေးရေးနှင့်ပတ်သက်၍ အိမ်ထောင်ဘက်များသည့် အပြန်အလှန် အသိပေးရန် တာဝန်ရှိသည် ဟု ပြဋ္ဌာန်းသည်။ အိမ်ထောင်ဘက်တယောက်အနေနှင့် အခြားတဦး၏ နှစ်ချုပ်အခွန်ပြန်တမ်း၊ လချုပ်ဘဏ်ငွေစာရင်းပြန်တမ်း စသည်တို့ကို မိတ္တူတောင်းယူပိုင်ခွင့်ရှိသည်။

အချက်အလက်

လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ဥပဒေ

လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ဥပဒေသည် အိမ်ထောင်ပြှုခြင်းအပေါ် ထိန်းကွပ်ပေးသည်။ လက်မထပ်ဘဲပေါင်းသင်းနေသူနှစ်ဦးကြားရှိ ရပိုင်ခွင့်များနှင့် တာဝန်များသည် အိမ်ထောင်ဘက်အချင်းချင်း အပေါ်ရှိနေသည်တို့နှင့် တထပ်တည်း မတူပေ။ ထိုကြောင့် လက်မထပ်ပဲပေါင်းသင်းနေသူတို့သည် သီးခြားကတိကဝတ်များပြှုကြရသည်။