ကျန်းမာရေး

သက်ကြီးရွယ်အိုများ နှင့် ကျန်းမာရေး

နော်ဝေတွင် အားလုံးသော လူအိုလူမင်းများ သက်ကြီးပင်စင် ရရှိသည်။ ပင်စင်လစာအနည်းအများသည် ယခင်က ရခဲ့သော လစာဝင်ငွေပေါ်တွင် မူတည်သည်။

သက်ကြီးရွယ်အိုအများစုသည် ကိုယ့်အိမ်တွင်ကိုယ် နေထိုင်ကြသည်။ အချို့က မြို့နယ်ရုံး၏ (အိမ်တိုင်ယာရောက် သူနာပြု၊ အိမ်လုပ်ငန်း ကူညီလုပ်ပေးသူ၊ မြို့နယ်လက်အောက်ရှိ နေ့ပိုင်းသက်ကြီးအပန်းဖြေရိပ်သာ အစရှိသည့်) ပံ့ပိုးကူညီမှုများကိုရကြသည် ။ အများစုက ကိုယ့်ဘာသာ (သို့) ကိုယ့်မိသားစု၏ ဖေးမမှုဖြင့် ကိုယ့်ဝေယျာဝစ္စကိုယ် နိုင်နင်းကြသည်။
En eldre dame får medisinsk hjelp
ကိုယ့်ဘာသာကိုယ် မပြှုစုနိုင်တော့သည့်အခါ သူအိုပြှုစုရေးဂေဟာ (sykehjem) တွင် နေရာရရန် လျှောက်ထားနိုင်သည်။ သို့သော် အသက် ၉ဝ ကျော်သူများအနက် တဝက်မျှသာ သူအိုပြှုစုရေးဂေဟာ ပေါ်တွင်နေကြသည်။

အိမ်တိုင်ယာရောက်ဝန်ဆောင်မှု ရယူသူများသည် အတွက်ကျစောင့်ရှောက်ခကို ပေးရသည်။ ကျန်ကုန်ကျစရိတ်များကို မြှို့နယ်က ကျခံသည်။ ပေးရသည့် အတွက်ကျစောင့်ရှောက်ခ ငွေအနည်းအများမှာ မြှို့နယ်တခုနှင့်တခု မတူပေ။

သူအိုပြုစုရေးဂေဟာ တွင်နေကြသူများလည်း အတွက်ကျစောင့်ရှောက်ခ ပေးကြရသည်။ ထိုဂေဟာတွင်နေသူတယောက်အတွက် တနှစ်လျှင် ခရိုနာ ၈ဝဝ ဝဝဝ ခန့် ကုန်ကျသည်။ မည်မျှပေးကြရမည်ဆိုသည်မှာ ကိုယ့်ဝင်ငွေအပေါ်တွင် မူတည်သည်။

Eldre person i rullestol Eldre mann på sykehjem

သက်ကြီးရွယ်အိုများတွင် ထူးခြားသော ကျန်းမာရေးပြဿနာများ ရှိနေလေ့ရှိသည် –

  • ကျွန်ုပ်တို့အိုမင်းလာသောအခါ ခန္ဓာကိုယ်သည် ပိုမိုချွတ်ယွင်းလာသည်။ ကြွက်သားများ အဆစ်များ နာကျင်ကိုက်ခဲလာနိုင်ပြီး ယခင်ကလို လုပ်ကိုင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ ဤသည်တို့က စိတ်ဓာတ်ကျခြင်းနှင့် သီးခြားခွဲနေတတ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။
  • နော်ဝေတွင် သက်ကြီးရွယ်အို ၁ဝဝ ဝဝဝ ခန့် စိတ်ဓာတ်ကျရောဂါ ခံစားနေကြရသည်။ ယခင်ကလို အထွေထွေကျန်းမာရေးမကောင်းတော့သောကြောင့် ဖြစ်ရခြင်းဖြစ်နိုင်သည်။ သို့သော် အထီးကျန်ခြင်းနှင့် သီးခြားခွဲနေတတ်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။
  • သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ် ဆုတ်ယုတ်သွားလေ့ရှိပြီး အတော်များများတွင် သတိလွတ်ရောဂါ ဖြစ်ပွားလာသည်။ သတိလွတ်ရောဂါ ဆိုသည်မှာ ဦးနှောက်ချွတ်ယွင်းသွားပြီး မှတ်ဉာဏ်၊ အာရုံခံစားနိုင်စွမ်း နှင့် လူမှုရေးစွမ်းရည်များအားလုံး ထိခိုက်ပျက်စီးသွားသည့် အခြေအနေကို ဆိုလိုသည်။
  • အသက်ကြီးလာသောအခါ အချို့တွင် စားသောက်လိုစိတ်ကင်းမဲ့သွားကြသည်။ ထိုသည်က အာဟာရချို့တဲ့ခြင်း နှင့် အာဟာရဓာတ်အချိုးမမျှခြင်း များ ဖြစ်ပေါ်လာစေသည်။ ထိုအခါ ကိုယ်ခံအားစနစ် ချွတ်ယွင်းလာပြီး ရောဂါများနှင့် ကူးစက်ရောဂါများ အလွယ်တကူ ရရန် အလားအလာများလာသည်။

 

အချက်အလက်

ပြည်သူ့ကျန်းမာရေး

နော်ဝေတွင် ပြည်သူ့ကျန်းမာရေးသည် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ အတွင်း သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့သည်။ အဓိက အရင်းခံသည်မှာ လူမှုဝန်ထမ်းလူ့ဘောင်အနေနှင့် ကောင်းစွာဖွံ့ဖြှိုးတိုးတက်လာခဲ့သည့်အလျောက် ကောင်းမွန်ပြီး ဘေးကင်းစိတ်ချစွာ အသက်ရှင်နေထိုင်နိုင်စေမည့် တစထက်တစ ပိုကောင်းသော အခွင့်အလမ်းများပေးထားခဲ့၍ဖြစ်သည်။ ယခုအခါ နော်ဝေပြည်သူများသည် ယခင်ကထက် အသက်ပိုရှည်လာသည်။ သက်ကြီးရွယ်အိုအများအပြား ကျန်းမာရေးပိုကောင်းလာကြသည်။ ထိုသည်က ကောင်းမွန်ပြီး တက်ကြွစွာ အသက်ရှည်ရှည် နေနိုင်စေရန် ဖန်တီးပေးသည်။