အလုပ်ခွင်လောက

အလုပ်နှင့် လူမှုဖူလုံရေး

တတ်နိုင်သမျှများများ ကျွန်ုပ်တို့ ဝင်ငွေရသောအလုပ် ကိုယ်စီရှိလျှင် နိုင်ငံတော်နှင့် မြှို့နယ်တို့အတွက် အခွန်ငွေ များများရမည်ဖြစ်သည်။ ဤသည်မှာ ပြည်သူများအတွက် အဘက်ဘက်မှ ကောင်းကျိုးရှိစေမည့် ကိစ္စဖြစ်သည်။

  • ထိုသည်က ကျောင်းများ၊ ကျန်းမာရေးလုပ်ငန်းများ နှင့် လမ်းများ စသည်တို့အတွက် ပိုမိုသုံးစွဲစရာ ငွေကြေး ဖြစ်လာမည်။
  • လူမှုဖူလုံရေးဝန်ဆောင်မှုကို ပိုကောင်းအောင်လုပ်နိုင်ရန် ငွေကိုသုံးစွဲရသည်။
  • (အလုပ်လက်မဲ့ကာလ နေ့တွက်စရိတ်၊ လူမှုရေးထောက်ပံ့ကြေး၊ ဖူလုံရေးစရိတ် အစရှိသည်တို့ကို လိုအပ်သူနည်းပါးလာပါက) အစိုးရကုန်ကျစရိတ် ပိုနည်းလာမည်။

၁၉၆ဝ လွန်နှစ်များမှစ၍ နော်ဝေသည် ရေနံထုတ်နိုင်ငံတခု ဖြစ်လာသည်။ ရေနံထုတ်နိုင်ငံ ဆိုသည်မှာ ရေနံနှင့် ရေနံထုတ်စက်မှုလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်သော နိုင်ငံကို ဆိုလိုသည်။

ရေနံနှင့် ဓာတ်ငွေ့မှရသော ဝင်ငွေများကို လူမှုဝန်ထမ်းနိုင်ငံတော်ကြီးအတွက် ထည့်သွင်းအသုံးပြုချက်ရှိသည်။ ဤဝင်ငွေများမှ ခန့်မှန်းခြေ အစိုးရအသုံးစရိတ်များ၏ လေးပုံတပုံကို ရပါသည်။ ကျန်အစိုးရအသုံးစရိတ်များကို ဝင်ငွေခွန်နှင့် ဝန်ဆောင်ခများမှ ရပါသည်။ နော်ဝေနိုင်ငံတော်အစိုးရသည် ရေနံနှင့် ဓာတ်ငွေ့ တင်ပို့ခြင်းအားဖြင့် ငွေကြေးအမြောက်အမြား ရရှိသည်။ ထိုငွေများက နော်ဝေကို လူမှုဝန်ထမ်းနိုင်ငံတခု ဖြစ်လာနိုင်အောင် ဖန်တီးခဲ့သည်ဟု လူအများစုက ယူဆကြသည်။ ဤသို့ယူဆခြင်းက မှန်ကန်ပါသလား ?

ကျွန်ုပ်တို့အလုပ်လုပ်ကြသည်ကို နှစ်ခြှိုက်သည်မှာ နိုင်ငံတော်တခုတည်းမဟုတ်ပါ။ အရွယ်ရောက်ပြီးသူအများစုအတွက်လည်း လုပ်စရာအလုပ်တခုရှိသည်က ကောင်းကွက်တခုဖြစ်သည်။

အလုပ်က ကျွန်ုပ်တို့ကို ပေးစွမ်းသည်မှာ –

  • ဝင်ငွေရနိုင်စွမ်း
  • ကိုယ့်အားကိုယ်ကိုးပြီး အနှစ်သာရရှိသောဘဝ
  • လူမှုရေးအဆင့်အတန်းနှင့် ပေါင်းသင်းဆက်ဆံမှုများ
  • အရည်အချင်းနှင့် ကျွမ်းကျင်မှုများကို အသုံးချခွင့်
  • ပည်သူ့အကျိုးသည်ပိုးခွင့်နှင့် ကိုယ့်ကိုကိုယ် အသုံးဝင်ကြောင်း ခံစားနိုင်ခွင့်

အချက်အလက်

၂ဝ၁၁ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ဝန်ကြီးချုပ် ယဲန်စ် စတော်လ်တဲန်းဘာ့ဂ်က ပြောကြားခဲ့သည်မှာ “ လူတိုင်းကိုယ်စီ၏အလုပ်အပေါ် အမှီသဟဲပြှုကာ ကျွန်ုပ်တို့ ရှင်သန်ရပ်တည်နေကြသည်။ လူများများအလုပ်လုပ်လေ လူမှုဖူလုံရေးခံစားခွင့် ပိုများလေ ဖြစ်လိမ့်မည်။’’

ဝင်ငွေများ

နိုင်ငံတော်နှင့် မြှို့နယ်များအတွက် အရေးအကြီးဆုံး ဝင်ငွေများမှာ အခွန်ဆောင်ငွေနှင့် အမျိုးမျိုးသော ဝန်ဆောင်စရိတ်များဖြစ်ကြသည်။ နိုင်ငံတော်နှင့် မြှို့နယ်များသည် လုပ်ငန်းကြီးများထံမှရော လူတဦးချင်းစီထံမှပါ အခွန်ဆောင်ငွေများရသည်။

နော်ဝေ အလုပ်ခွင်လောက

နော်ဝေ အလုပ်ခွင်လောကအကြောင်း အင်တာနက်စာမျက်နှာ kompetansenorge.no တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။