အလုပ်ခွင်လောက၏ အခွင့်အရေးများ နှင့် တာဝန်များ
နော်ဝေအလုပ်ခွင်လောကသည် ဥပဒေနှင့် သဘောတူစာချုပ်အမျိုးမျိုးဖြင့် ကြပ်မတ်ကွပ်ကဲထားသည် – ဥပမာ လုပ်ငန်းခွင် ဝန်းကျင်ဆိုင်ရာဥပဒေ နှင့် အားလပ်ရက်ရှည်ဆိုင်ရာဥပဒေ။
လွှတ်တော်တွင်းမှ နိုင်ငံရေးသမားများက ဥပဒေများကို ပြဋ္ဌာန်းပေးပြီး၊ တဘက်တွင် အလုပ်ရှင်များနှင့် အလုပ်သမားများက သူတို့၏ အစည်းအရုံးအသီးသီးမှတဆင့် ညှိနှိုင်းထားချက်များအပေါ် သဘောတူရမည်။
ဥပဒေများက အလုပ်ရှင်နှင့် အလုပ်သမား အားလုံးနှင့် သက်ဆိုင်ပြီး ညှိနှိုင်းသဘောတူညီချက်များမှာ သက်ဆိုင်ရာ အလုပ်အမျိုးအစားတခုချင်းနှင့်သာ ဆိုင်သည်။
ဥပဒေပါ အခွင့်အရေးနှင့်ဆိုင်သည့် ဥပမာများ –
- အလုပ်သမားတိုင်းတွင် အလုပ်ခန့်စာချုပ်ရှိရမည်။အလုပ်ခန့်စာချုပ်သည် အခြားအချက်အလက်များအပြင် ညှိနှိုင်းသဘောတူထားသော လစာ နှင့် အလုပ်ချိန်တို့ ပါဝင်ရမည်။
- ရက်သတ္တပတ် တပတ်တွင် ပုံမှန် အလုပ်ချိန်မှာ ၃၇.၅ နာရီဖြစ်သည်။
- တနှစ်လျှင် အလုပ်သမားတိုင်း ခွင့်ရက်ရှည် ၄ ပတ် ထက်မနည်း ခံစားခွင့်ရှိရမည်။
- နော်ဝေတွင် အလုပ်သမားကိုယ်တိုင် (သို့) ၎င်း၏ကလေးများ ဖျားနာလျှင် သတ်မှတ်ထားသောရက်များအတွက် လစာအပြည့်ဖြင့် အလုပ်နားခွင့်ရှိသည်။
- သားသမီးမွေးဖွားမည့်အလုပ်သမားများသည် လစာမပျက်ခွင့်ရက်ရှည် ယူခွင့်ရှိသည်။
- အလုပ်သင်ကြားလေ့ကျင့်နေစဉ်အတွင်း လစာရပိုင်ခွင့်ရှိသည်။