ပညာရေးနှင့် ကျွမ်းကျင်မှု

အခြေခံပညာကျောင်း

Småskolebarn Ungdomsskoleelever

အခြေခံပညာကျောင်းနှင့်ပတ်သက်၍ –

  • ကလေးတိုင်း အခြေခံပညာကျောင်းတွင် ၁ဝ နှစ်ကြာ ပညာသင်ကြားခွင့်ရှိသည်။ အသက် ၆ နှစ်ပြည့်သောနှစ်တွင် ပထမတန်းတွင် ကျောင်းစတက်ရမည်။
  • ကလေးတိုင်း အဆင်ပြေအောင်ပြှုပြင်ပေးထားသော သင်ကြားပို့ချမှုကို ရပိုင်ခွင့်ရှိရမည်ဖြစ်ပြီး ပိုမိုကူညီပေးရန်လိုအပ်သော ကျောင်းသားများအတွက် လိုအပ်သည့်အကူအညီကို ရမည်ဖြစ်သည်။ ကလေးအဆင့်ကျောင်းသားများသည် နှုတ်ဖြင့် (သို့) စာဖြင့် အရည်အချင်းဆန်းစစ်ချက်ကို သိရမည်။
  • လူငယ်အဆင့်ကျောင်းသားများကို ဘာသာရပ်တိုင်းတွင် အမှတ်ပေးသည်။ အမှတ်ပေးစနစ်တွင် ၁ မှ ၆ အထိပေးလေ့ရှိရာ အညံ့ဆုံးမှာ ၁ မှတ်ဖြစ်ပြီး အတော်ဆုံးမှာ ၆ မှတ်ဖြစ်သည်။
  • အခြေခံပညာကျောင်းသားတိုင်း နွေကျောင်းပိတ်ရက်ပြီးဆုံးလျှင် နောက်တဆင့်သို့ အလိုအလျောက် အတန်းတက်ရသည်။ ကလေး၏ပညာအရည်အချင်းပေါ်မူမတည်ဘဲ တင်ပေးရသည်။ မည်သည့်ကလေးမျှ တတန်းတည်းတွင် ၂ နှစ်မတက်စေရ။
  • တနိုင်ငံလုံးတွင် အခြေခံပညာကျောင်း ဖွဲ့စည်းလည်ပတ်ပုံမှာ အတူတူပင်ဖြစ်သည်။ ဥပမာ – နှစ်စဉ်နှစ်တိုင်း ကျောင်းတက်ရက် ၁၉ဝ ရှိရမည်။ သို့သော် မြှို့နယ်တခုချင်းရှိ နိုင်ငံရေးသမားများက မည်သည့် ကျောင်းပိတ်ရက်ရှည်နှင့် အားလပ်ရက်များကို မည်သည့်အချိန်တွင် သတ်မှတ်မည်ကို ဆုံးဖြတ်သည်။
  • နိုင်ငံတဝှန်းတွင် အခြေခံပညာကျောင်းများကို တပြေးညီဖွဲ့စည်းလည်ပတ်စေသည်။ ဥပမာ – တနှစ်လျှင် ကျောင်းတက်ရက်ပေါင်း ၁၉၀ ရှိရမည်ဖြစ်သည်။ သို့သော် သက်ဆိုင်ရာမြို့နယ်နှင့် လွှတ်တောက်ကိုယ်စားလှယ်က အားလပ်ရက်ရှည်များနှင့်ကျောင်းပိတ်ရက်များကို သတ်မှတ်ပိုင်ခွင့်ရှိသည်။
  • အစိုးရပိုင် အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိကကျောင်းအနည်းငယ်ကိုလည်း တွေ့နိုင်သေးသည်။ နော်ဝေကလေးများ၏ ၂.၅% မျှသာ ပုဂ္ဂလိကကျောင်းများကို တက်ကြသည်။

အခွင့်တူညီမျှကျောင်းပညာရေး

ပညာသင်ယူမှုဆိုင်ရာဥပဒေက ဖွင့်ဆိုသည်မှာ ကလေးတိုင်း အရည်အချင်းနှင့် ကန့်သတ်ချက်များပေါ်တွင် မူမတည်ဘဲ အဆင်ပြေအောင်ပြှုပြင်ပေးထားသော ပညာသင်ယူမှုကို သက်ဆိုင်ရာဒေသရှိကျောင်းတွင် သင်ယူပိုင်ခွင့်ရှိရမည် ဟူ၍ဖြစ်သည်။ ဤသည့် မူသဘောကို အခွင့်တူညီမျှကျောင်းပညာရေး ဟုခေါ်ကြသည်။ အခွင့်တူညီမျှကျောင်းပညာရေး ဟူသည်မှာ တနိုင်ငံလုံးရှိ ကျောင်းသားတိုင်း တခုတည်းသော သင်ရိုးညွှန်းတမ်းအတိုင်းသာ သင်ယူကြရမည်ဟုဆိုလိုသည်။

အခြေခံပညာကျောင်း၏ ဘဏ္ဍာရေး

ကျောင်းသားများနှင့် မိဘများအတွက် အခြေခံပညာကျောင်းသည် အခမဲ့ဖြစ်သည်။ ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်များကို ကျောင်းမှငှားရမ်းကြပြီး ဗလာစာအုပ်၊ ခဲတံ စသည်တို့ကို ရကြသည်။

ကုန်ကျစရိတ်အားလုံးကို အစိုးရကပေးချေသည်။ အများဆုံးသုံးရသည့် ကုန်ကျစရိတ်များမှာ ဆရာများအတွက် လစာ၊ အဆောက်အဦဆောက်ခြင်း နှင့် ကျောင်းအဆောက်အဦများ လည်ပတ်စရိတ် တို့ဖြစ်ကြသည်။

ပုဂ္ဂလိကကျောင်းများတွင် မိသားစုက ကျောင်းလခပေးရသည်။ မည်သို့ဖြစ်စေ သူတို့က အတွက်ကျစရိတ်မျှသာ ပေးသွင်းရချိန်တွင် ကြွင်းကျန်သော ကျောင်းစရိတ်အားလုံးကို နိုင်ငံတော်က ပေးချေရသည်။

အချက်အလက်

ကျောင်းအပိုချိန်ပြဋ္ဌာန်းချက် (SFO – skolefritidsordning) (သို့) ဝါသနာပါလုပ်ငန်းအတွက်ကျောင်းချိန် (AKS – aktivitetsskole)

အော်စလို- Oslo မြို့နယ်မှလွဲပြီး ကျန်မြို့နယ်များမှာ ထိုသည်ကို ကျောင်းအပိုချိန်ပြဋ္ဌာန်းချက် (SFO – skolefritidsordning)ဟုခေါ်ပြီး အော့စလိုတွင်မူ ဝါသနာပါလုပ်ငန်းအတွက်ကျောင်းချိန် (AKS – aktivitetsskole) ဟုခေါ်တွင်သည်
မြို့နယ်တိုင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းသူကျောင်းသားများကို ကျောင်းအပိုချိန်ပြဋ္ဌာန်းချက် (SFO) (သို့) ဝါသနာပါလုပ်ငန်းအတွက်ကျောင်းချိန် (AKS) တက်ရောက်ရန်အခွင့်အရေးပေးထားသည်။

ကျောင်းအပိုချိန် (SFO/AKS) သည် ဥပမာအားဖြင့် မိဘများကအလုပ်ဆင်းနေရ၍ ကလေး၏ပုံမှန်ကျောင်းချိန်အပြီးတွင် ကလေးကိုစောင့်ရှောက်ပေးမည့် အကူအညီမျိုး လိုနေသည့်မိသားစုများအတွက် ကိုယ့်သဘောနှင့်ကိုယ် လာထားနိုင်သောအခွင့်အလမ်းတခုသာြဖစ်သည်။ ဤသည်က သင်ကြားပို့ချရေးအခွင့်အလမ်းမဟုတ်ဟုဆိုသော်လည်း ကလေးများအိမ်စာလုပ်ရာတွင် အတော်များများ အကူအညီပေးလေ့ရှိသည်။

ကလေးကို ကျောင်းအပိုချိန်တက်ခိုင်းရခြင်းသည် အခမဲ့မဟုတ်ပါ။ မိဘများက အတွက်ကျစရိတ်ကို လစဉ် ပေးသွင်းရပြီး ကျန််ကုန်ကျငွေကို နိုင်ငံတော်ကအကုန်အကျခံသည်။ အတွက်ကျစရိတ်က တမြို့နယ်နှင့်တမြို့နယ် မတူပေ။ အချို့မြို့နယ်များတွင် ဝင်ငွေနည်းပါးသူမိသားစုများအတွက် လျှော့ပေါ့ပေးရေး လျှောက်ထားခွင့်ပေးတတ်သော်လည်း အခြားမြို့နယ်များကမူ ဝင်ငွေပေါ်မူမတည်ဘဲ တပြေးညီကောက်ခံသည်။ အချို့မြို့နယ်များက ကျောင်းအပိုချိန်တက်သည့် သားသမီးတယောက်ထက်မကရှိသူများကို လျှော့ပေါ့ပေးတတ်သော်လည်း တခြားမြို့နယ်များကတော့ မလျှော့ပေ။

စည်းကမ်း(Disiplin)

ဆရာဆရာမများက ကျောင်းသားများအပေါ် ရိုက်နှက်အကြမ်းဖက်မှုကို မည်သည့်ပုံစံမျိုးနှင့်မှလုပ်ခွင့်မရှိပေ။ ကျောင်းစည်းကမ်းကို ကလေးတယောက်၏လူ့ဂုဏ်သိက္ခာနှင့် လိုက်လျောညီထွေရှိမယ့်ပုံစံမျိုးနှင့် ချမှတ်ထားရပါမည်။ ဆရာဆရာမများက တပည့်ကျောင်းသူကျောင်းသားများကို လေးစားဖို့လိုပြီး တပည့်များကလည်း ဆရာဆရာမများကို လေးစားကြဖို့လိုပါသည်။