အဆင့်မြင့်ပညာသင်ကြားရေး
တက္ကသိုလ်ဝင်တန်းကျောင်းပြီးသွားလျှင် ကျောင်းသားသည် တက္ကသိုလ် (သို့) ကောလိပ်တွင် အဆင့်မြင့်ပညာဆက်လက်သင်ယူ၍ရသည်။
တက္ကသိုလ် နှင့် ကောလိပ်အများစုမှာ အစိုးရပိုင်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများအတွက် သင်ကြားပို့ချမှုမှာ အခမဲ့ဖြစ်သည်။ ကုန်ကျစရိတ်ကို အစိုးရက ကျခံသည်။ သို့တိုင်အောင် ကျောင်းသားများက နှစ်ဝက်ကြေး (သို့) သင်တန်းကြေး အနည်းငယ် ပေးသွင်းရလေ့ရှိသည်။ ပုဂ္ဂလိက ကောလိပ်များလည်း တွေ့နိုင်ပါသည်။ ထိုကောလိပ်များတွင် ကျောင်းသားများက သင်တန်းအတွက် အတွက်ကျစရိတ်ကို ပေးသွင်းရသည်။
အစိုးရပိုင်ကျောင်းများနှင့်တက္ကသိုလ်များအတွက် အစိုးရက ပေးချေပြီး နော်ဝေတွင် ပညာသင်ကြားရေးသည် ပြည်သူများအတွက် အခမဲ့ဖြစ်သည်။ သို့သော် အစိုးရပိုင်ရော ပုဂ္ဂလိကပိုင်ပါ အဆင့်မြင့်ပညာရေးနှစ်မျိုးစလုံးတွင် တက္ကသိုလ်ကျောင်းသားများသည် လိုအပ်သော သင်ကြားရေးပစ္စည်းများကို မိမိဘာသာရှာဖွေဝယ်ယူရမည်။ဆိုလိုသည်မှာ သင်ရိုးညွှန်းတမ်းစာအုပ်များရော စာရေးကိရိယာများပါ ကိုယ့်ဘာသာ ဝယ်ရမည်။
တက္ကသိုလ်များ နှင့် ကောလိပ်များသည် အခမဲ့ဖြစ်စေကာမူ တက္ကသိုလ်ပညာသင်နေဆဲအချိန်တွင် အခြားကုန်ကျစရိတ်များအတွက် ငွေကြေးလိုအပ်သည်။ ထိုကြောင့် ထုံးစံအားဖြင့် နိုင်ငံတော် ချေးငွေဌာနမှ ပညာသင်စရိတ်ချေးငွေကို ချေးယူကာ အိမ်ငှားခ၊ အစားအသောက်နှင့် အခြားလိုအပ်ရာရာများအတွက် သုံးစွဲကြရသည်။ ဤနည်းအားဖြင့် မိမိကသာဆန္ဒရှိပါက မိသားစုထံမှ ငွေကြေးကို မှီခိုရန်မလိုဘဲ တက္ကသိုလ်ပညာ သင်ယူနိုင်ရန် အခွင့်အလမ်းရှိသည်။ တက္ကသိုလ်ကျောင်းသားများသည် စားဝတ်နေစရိတ်ဖူလုံစေရန် တဘက်တွင် အလုပ်လည်း လုပ်ကြရသေးသည်။
တန်းတူရည်တူ ပညာသင်ကြားခွင့်
တန်းတူရည်တူ ပညာသင်ကြားခွင့်
ခေတ်မီနိုင်ငံတခုသည် မြင့်မားသော အလုပ်ခန့်ထားမှု၊ စက်မှုနည်းပညာ နှင့် မွမ်းမံတီထွင်မှုတို့အပေါ်တွင် အမှီပြှုနေသည်။ ထိုကြောင့် နော်ဝေတွင် အဆင့်မြင့်ပညာတတ်နိုင်ငံသားများကို လိုအပ်သည်။ သို့စြေ်၍ အစိုးရက ပညာရေးအတွက် ပံ့ပိုးပေနေရာ အားလုံးအတွက် တန်းတူရည်တူ ပညာသင်ကြားခွင့်ပေးခြင်းလည်း အပါအဝင်ဖြစ်သည်။
ယနေ့အခါ နော်ဝေတွင် အရွယ်ရောက်ပြီးသူများ၏ ၃၀% ခန့်သည် ဘွဲ့ရပညာတတ်များဖြစ်ကြသည်။ တက္ကသိုလ်ပညာသင်သူ လူငယ်များ များသထက်များလာပြီး နော်ဝေ၏ ပညာရေးအဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်မားလာသည်။ ယခုခေတ် တက္ကသိုလ်ကျောင်းသား ၆ဝ% ခန့်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားများထက် အမျိုးသမီးများက ပညာအဆင့်အတန်း အနည်းငယ်ပိုမြင့်သည်။
တက္ကသိုလ်ဝင်တန်းကျောင်းမှ အရည်အချင်းပြည့်မီလာသူများသည် ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို လျှောက်ထားနိုင်သည်။ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသည်။