ပညာရေးနှင့် ကျွမ်းကျင်မှု

သက်ကြီးများနှင့် ပညာရေး

သက်ကြီးသင်တန်းသားတဦး နော်ဝေဘာသာသင်တန်းတခုပုံ

လူ့လောကသည် အမြဲပြောင်းလဲနေသည်။ နည်းပညာသစ်များ အဆက်မပြတ်ပေါ်ထွန်းလာနေပြီး အလုပ်ခွင်လောကအတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေတတ်သည်။ ဤသည်က အလုပ်သမားများအနေနှင့် အသစ်အဆန်းများကို သိရှိစေရေး လေ့လာနေရန်လိုသည်ဟု တောင်းဆိုနေသည်။

သက်ကြီးများအနေနှင့် ပညာရပ်အသစ်တခုခု (သို့) ယခင်တတ်ပြီးသားအပေါ် တိုးချဲ့သင်ယူမှု (သို့) အလုပ်ခွင်လောကအတွက်လိုအပ်ချက်ကို လိုက်မီအောင် အခြေခံပညာကျောင်းသင် ဘာသာရပ်များ စသည်တို့ကို သင်ယူနိုင်သည်။
သက်ကြီးများအတွက် သင်တန်းအမျိုးမျိုးကို စီစဉ်ပို့ချပေးသူများရှိသည်။ ဥပမာ – ဝါသနာပါလုပ်ငန်းများ၊ ဘာသာစကားသင်တန်း နှင့် အရည်အချင်းမြှင့်တင်ရေးသင်တန်း စသည်။ ၎င်းတို့ထဲမှအချို့သင်တန်းများကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးသည်။

သက်ကြီးများ အခြေခံပညာကျောင်းသင်တန်းများသို့ တက်နိုင်စေရန် ကမ်းလှမ်းရန်မှာ မြှို့နယ်များ၏ တာဝန်ဖြစ်ပြီး တက္ကသိုလ်ဝန်တန်းကျောင်း တက်ခွင့်ကမ်းလှမ်းရန်မှာ တိုင်းရုံးစိုက်မြှို့နယ်၏ တာဝန်ဖြစ်သည်။ တက်ခွင့်ရှိသူ သက်ကြီးများအတွက် ထိုကျောင်းများတွင် အခမဲ့သင်ကြားခွင့်ရမည်။ သက်ကြီးများကို အလားတူ ကမ်းလှမ်းသော ပုဂ္ဂလိက တက္ကသိုလ်ဝင်တန်းကျောင်းများလည်း တွေ့နိုင်သည်။

အလုပ်ရှာသူများအတွက် အလုပ်သမားနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ ကမ်းလှမ်းသော သင်တန်းအမျိုးမျိုးကို တက်နိုင်ပါသည်။ ရည်ရွယ်ချက်မှာ သင်တန်းတက်သူများကို အလုပ်အတွက် အရည်အချင်းမြှင့်တင်ပေးရန်ဖြစ်သည်။ လုပ်သား/ဦးစီးက သင်တန်းကြေးကို ပေးချေသည့်အပြင် ထိုသင်တန်းများကိုတက်သည့် သင်တန်းသားများကိုလည်း သင်တန်းတက်စရိတ် ထောက်ပံ့ပေးလေ့ရှိသည်။

အချက်အလက်

သက်ကြီးများအတွက် အခြေခံပညာရေး

သင်ယူရန်လိုအပ်သော သက်ကြီးများအတွက် အခြေခံပညာရေး သင်ယူပိုင်ခွင့်ရှိသည်။ အခမဲ့ပညာရေးဖြစ်သည်။ မြှို့နယ်များက သိသင့်သည်များကို အသိပေးပါလိမ့်မည်။

သက်ကြီးများ တက္ကသိုလ်ဝင်တန်းကျောင်းတက်ပိုင်ခွင့်

အခြေခံပညာကျောင်းတက်ပြီးသော်လည်း တက္ကသိုလ်ဝင်တန်းကျောင်းမတက်ရသေးသူ လူကြီးများအတွက် တက္ကသိုလ်ဝင်တန်းကျောင်း တက်ပိုင်ခွင့်ရှိသည်။ ဤသည်ကို ဖြည့်စည်းပေးရန် တိုင်းရုံးစိုက်ရာမြှို့နယ်တွင် တာဝန်ရှိသည်။

နိုင်ငံခြားမှရလာသောဘွဲ့ကို အသိအမှတ်ပြှုခြင်း

အကယ်၍ သင့်မှာ အသက်မွေးဝမ်းကျောင်းပညာတရပ်ကို နိုင်ငံရပ်ခြားမှာသင်ယူခဲ့ပြီး သင်တန်းဆင်းလက်မှတ်ပါမလာခဲ့ရင် သင့်အနေနဲ့ ကိုယ်ဘာတွေလုပ်တတ်ကြောင်း စမ်းသပ်လုပ်ကိုင်ပြခြင်း(yrkesprøving) အားဖြင့် သက်သေပြနိုင်ပါတယ်။ စမ်းသပ်လုပ်ကိုင်ပြခြင်းဟာ တက္ကသိုလ်ဝင်တန်းအဆင့်ပညာရေးကိုမီ.မမီ သုံးသပ်ပြီးအသိအမှတ်ပြုပေးတဲ့နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ကျောင်းမတက်ဘဲသင်ယူတတ်မြောက်ခဲ့တဲ့ အတတ်ပညာဖြစ်ရင်လည်း ရနိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်သိရအောင် www.nokut.no မှာ ဝင်ရောက်ဖတ်ရှုပါ။