ဆင့်ကဲတိုးတက်ပြောင်းလဲလာပုံ
ကျောင်းပညာရေးနှင့် ပတ်သက်၍ နော်ဝေနိုင်ငံတွင် ရှည်လျားသော နောက်ခံသမိုင်းရှိခဲ့သည်။ ၁၈ ရာစုအတွင်းက နိုင်ငံ့စီးပွားရေး အလွန်ဆိုရွားခဲ့သည်။ မည်သို့ဆိုစေကာမူ ကျောင်းပညာရေးကို အလွန်အရေးကြီးသည်ဟု ရှုမြင်ခဲ့ကြသည့်အတွက် ကလေးအားလုံး ကျောင်းနေသင့်ပြီး ထိုကိစ္စအတွက် နိုင်ငံတော်က အကုန်အကျခံသင့်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
- ၁၈ ရာစု ၏ ပထမ ရာစုတဝက်အတွင်းကပင် ယောက်ျားလေးရော မိန်းကလေးပါ ကလေးအားလုံးအတွက် မသင်မနေရ အခမဲ့ပညာရေးကို ကျင့်သုံးနေခဲ့ပြီးဖြစ်သည်။ ရည်မှန်းချက်မှာ လူတိုင်း ခရစ်ယန်သမ္မာကျမ်းစာကို ကိုယ်တိုင်ဖတ်နိုင်စေရန်ဖြစ်သည်။ ခရစ်ယန်ဘာသာ သင်ကြားပို့ချမှုကို လူတိုင်းရနိုင်စေရန်လည်းဖြစ်သည်။
- ထိုခေတ်အခါက နေ့စဉ်ကျောင်းတက်လေ့မရှိခဲ့ပါ။ ကလေးများသည် ကျောင်းကို တရက်ခြား (သို့) တနှစ်လျှင် သီတင်းပတ်အနည်းငယ်သာ တက်ခဲ့ကြသည်။
- တဖြည်းဖြည်း ကျောင်းသင်ဘာသာရပ်များ ပိုများလာသည်။ ၁၉ ရာစုအစပိုင်းမှစပြီး စာရေးခြင်း၊ သင်္ချာ နှင့် သီချင်း ကဲ့သို့သော ဘာသာများသည် မသင်မနေရဘာသာရပ်များဖြစ်ခဲ့သည်။
- ၁၉၃၆ ခုနှစ်တွက် ကလေးတိုင်း အနည်းဆုံး ၇ နှစ်ကျောင်းနေရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်မှစပြီး မသင်မနေရ ၁ဝ နှစ် ပညာရေးကိုပြဋ္ဌာန်းခဲ့သည်။
- လွှတ်တော်၏ နိုင်ငံရေးမူဝါဒချမှတ်သူများက ကျောင်းအမျိုးမျိုးတွင် အသုံးပြှုသည့်သင်ရိုးညွှန်းတမ်းများအားလုံးကို အသိအမှတ်ပြှုလေ့ရှိသည်။ ဤနည်းဖြင့် တနိုင်ငံလုံးရှိကျောင်းများတွင် သင်သောစာအားလုံးမှာ ထပ်တူနီးပါး တူညီလာခဲ့သည်။